Epi-1

15.5K 859 39
                                    

The Prisoner

သမ္မတအိမ်တော်သဖွယ်ကြီးကျယ်ခမ်းနားလှသောအဖြူရောင်တိုက်ကြီးသည်တိတ်ဆိတ်ငြိမ်သက်နေ၏။ အိမ်အကူအမျိုးသမီးကြီးတစ်ဦးသည်ထုံးစံအတိုင်းအပတ်စဉ်အိမ်သန့်ရှင်းရေးတာဝန်ကြောင့်ခြံတံခါးဖွင့်ကာတလှုပ်လှုပ်ဝင်လာသည်။ ဒီအိမ်တော်အတွက်အလုပ်လုပ်ကိုင်ပေးလာတာကြာပြီဖြစ်တဲ့အတွက် passcodeသိနေတာကြောင့်အမျိုးသမီးကြီးကလူခေါ်ဘဲလ်မတီးတော့ဘဲဝင်ရောက်လာခဲ့သည်။

ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့်ခြံကျယ်ကြီးတွေဖြင့်တစ်ခြံနှင့်တစ်ခြံခပ်ဝေးဝေးမှာတည်ရှိနေသည်။အိမ်အကူဒေါ်ကြီးမှာခြံထဲကိုအရင်လှဲကျင်းနေပြီးနောက်အိမ်ထဲသို့ဝင်လာတဲ့အခါတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားပြီးစူးရဲစွာအော်ဟစ်လိုက်တော့သည်။

"အမယ်လေးး ကယ်ကြပါဦး မမလေးနဲ့အစ်ကိုကြီးတို့...အမယ်လေး"

မြင်လိုက်ရသည့်မြင်ကွင်းမှာ ဧည့်ခန်းကြမ်းပြင်တွေသွေးအလိမ်းလိမ်းဖြင့်လဲကျနေသော အိမ်ပိုင်ရှင်လင်မယားနှစ်ဦး။ မကြာမီအချိန်အတွင်းမှာပင်ထိုအိမ်ကြီးဆီသို့အိမ်နီးနားချင်းတွေရောက်ရှိလာပြီးရဲတွေပါရောက်လာကြတော့သည်။

မှုခင်းရဲတွေကအခင်းဖြစ်ပွားရာနေရာကိုကြိုးဝိုင်းထားပြီးသက်သေတွေရယူနေသည်။စစ်ဆေးချက်အရအသတ်ခံရသည်ဟုယူဆရသောအိမ်ရှင်လင်မယားနှစ်ဦးမှာ သေဆုံးသည့်အချိန်၄၈နာရီခန့်ပင်ရှိနေလေပြီ။ သေဆုံးသူနှစ်ဦးစလုံးတွင်ဓားဒဏ်ရာတွေကိုယ်စီဖြင့်အနီးအနားကြမ်းပြင်တွင်သွေးတွေပေနေသောဓားတစ်လက်ကိုပါတွေ့ရသည်။

သက်သေခံဓားကိုသိမ်းဆည်းလိုက်ပြီးနောက်မှုခင်းရဲတစ်ဦးကအိမ်အကူအဒေါ်ကြီးအားသိလိုသည်များကိုစစ်ဆေးလျက်ရှိသည်။

"ဒေါ်ကြီးကဒီအိမ်မှာအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ"

"၆နှစ်ကျော်လောက်ရှိပါပြီ"

"ဒီမှာနေ့တိုင်းအလုပ်ဆင်းရတာလား"

"မဟုတ်ပါဘူး တစ်ပတ်ကို နှစ်ရက်ပဲအလုပ်လာလုပ်ရတာပါ"

The Prisoner (Completed)Where stories live. Discover now