Epi 2

5K 613 37
                                    

The Prisoner

မနက်ပိုင်း၅နာရီခွဲခန့်တွင်ကျင့်သားရနေတဲ့မျက်လုံးတွေကြောင့်Jungkookနိုးလာသည်။ ဘေးနားမှာတော့ Taehyungကအိပ်ပျော်နေဆဲဖြစ်တာကြောင့်နှိုးရခက်၊မနှိုးရခက်ဒွိဟဖြစ်နေတာကြောင့်ယောင်နနလေးကြည့်နေမိသေးသည်။ ပြီးနောက် ကိုယ့်ဟာကိုသာမျက်နှာသစ်ကိုယ်လက်သန့်ရှင်းလုပ်လိုက်၏။

၆နာရီအချိန်တွင်မနက်စာအတွက်တန်းစီရတာမို့ အသင့်ဖြစ်နေရမည်မဟုတ်လား။ ကိုယ့်တစ်ကိုယ်စာအတွက်တော့မနက်စာစားရတာနောက်ကျလည်းကိစ္စမရှိပေမယ့်တချို့သောအကြောင်းအရာတွေကြောင့်နောက်ကျသွားမှာJungkookအင်မတန်စိုးရိန်ကြောက်ရွံ့နေသည်။

၆နာရီထိုးဖို့၁၅မိနစ်ခန့်တွင်အခန်းတံခါးများဖွင့်ပေးတဲ့အခါ မနက်စာတန်းစီတဲ့နေရာဆီJungkookအမြန်သုတ်ချေတင်တော့သည်။ Taehyungကတော့အပြင်ကလူသံသူသံတွေကြားမှနိုးလာပြီး အိပ်ယာကအမြန်ထရသည်။

မျက်နှာကိုကဗျာကယာသစ်ပြီးတာနဲ့ မနက်စာတန်းစီတဲ့နေရာဆီသွားတဲ့အခါ ပုံစံခွက်စတီးပန်းကန်ကြီးနှစ်ခုဖြင့်Jungkookကိုတွေ့ရသည်။

"မင်းကလဲ ငါ့ကို နှိုးတောင်မနှိုး..."

Taehyungကနှုတ်ဆက်လိုက်ပေမယ့် Jungkookကစကားပြန်မပြောဘဲတစ်နေရာသို့သွက်သွက်သာသွားနေလျက်။

Jungkookကထောင်ပုံစံခွက်ပန်းကန်ကြီးနှစ်ခုဖြင့်တစ်နေရာကိုသာခပ်သုတ်သုတ်သွားနေသည်။Taehyungလဲရပ်ကြည့်နေတဲ့အခါ ဗလတောင့်တောင့်လူကြီးတွေထိုင်နေတဲ့နေရာကိုJungkookကထမင်းပန်းကန်တွေသွားပေးခြင်းသာ။

ထိုဗလကြီးရဲ့ရင်ဘတ်ကိုကြည့်တော့အနီရောင်တံဆိပ်တွေမို့ ထောင်တစ်သက်ကျပြီးနောက် ထောင်သားစီနီယာဖြစ်ပြီးJungkookကဲ့သို့မနူးမနပ်တခြားထောင်သားများကိုအနိုင်ကျင့်နေပုံပင်။

"ကြာလိုက်တာ တုန်ချိချိနဲ့ သွား နောက်ထပ်သွားယူဦး"

"ဟုတ်...ဟုတ်ကဲ့"

သူတို့အဖွဲ့အတွက်ထမင်းပန်းကန်တွေJungkookတစ်ယောက်တည်းကတန်းစီပြီးထုတ်ပေးနေလျှင်ထမင်းစားချိန်ကုန်တဲ့အထိပြီးမှာမဟုတ်တော့ပေ။ ဒါကိုလည်း ဒီကောင်လေးကအထွန့်တက်ရဲပုံမရတာကြောင့် Taehyungကပဲ ကြားဝင်ရတော့သည်။

The Prisoner (Completed)Where stories live. Discover now