Epi-24💙

6.3K 508 179
                                    

The Prisoner

ဆေးရုံဆင်းရန်ပစ္စည်းတွေသိမ်းဆည်းရင်းအလုပ်များနေသောJungkook။ Taehyungရဲ့မှန်စစင်တဲ့ဒဏ်ရာတွေကိုသန့်ရှင်းပြီးဆေးထည့်ပေးနေတဲ့ဆရာမကို မအားတဲ့ကြားထဲကမသိမသာမျက်စောင်းလှမ်းလှမ်းထိုးသေးသည်။

Taehyungအပေါ်ပိုင်းဗလာနှင့်ညှပ်ရိုးတွေကိုမြင်တော့ တံတွေးမြိုချရင်းအကြည့်လွှဲသွားပြန်သည်။

 မနက်ကတည်းကဆေးရုံဖိနပ်တကားကားဖြင့်အလုပ်များနေတဲ့ကောင်လေးကိုကြည့်ရင်းပြုံးမိသည်။ ဆေးရုံကဆင်းတဲ့အခါ ခွင့်ရက်ရတုန်း ကောင်လေးသွားချင်တဲ့နေရာလေးတွေလိုက်ပို့ပေးဖို့ စိတ်ကူးနေမိသည်။

"ဆေးရုံဆင်းလက်မှတ်ရလာပြီ ကိုကို ခဏနေဆရာဝန်ကြီး Roundလှည့်ပြီးရင်ပြန်လို့ရပြီပြောတယ်"

"အော ကွတ်ကီး မင်းဖိနပ်ရော"

"အစကတည်းကပါမလာတာ တော်သေးတာဆေးရုံကဖိနပ်ပေးလို့ပေါ့"

သူ့ကိုစိတ်ပူပြီးပြေးထွက်လာတဲ့ကောင်လေးကဖိနပ်တောင်မကပ်နိုင်ခဲ့ပုံ။ဖိနပ်ကျွတ်နဲ့ဆေးရုံကိုငိုကြီးချက်မပြေးဝင်လာတဲ့ကောင်လေးဟာဘယ်လောက်တောင်ချစ်စရာကောင်းနေလိမ့်မလဲပြန်တွေးရင်းအသည်းယားလာမိသည်။

ဆရာဝန်ကြီးခွင့်ပြုချက်ဖြင့် ဆေးရုံဆင်းပြီးအိမ်ပြန်ရောက်လာတော့ ဆေးရုံမှာထပ်ပင်စည်းကမ်းတင်းကျပ်ခံရတော့သည်။ အင်တာနက်ကရှာပြီး အနာအကျက်မြန်စေတဲ့အစားအသောက်တွေတစ်ခုပြီးတစ်ခုဝယ်ကျွေးကာစိတ်ရှည်လက်ရှည်ခွံကျွေးတတ်သေးတဲ့ကောင်လေး။

"ကိုကို ဖုန်းပဲကြည့်မနေနဲ့ ကျွန်တော်နဲ့လမ်းလျှောက်ရအောင် ဒါမှသွေးလည်ပတ်ပြီးအနာကျက်မြန်မှာ"

"အော "

လက်ထဲကဖုန်းကိုချပြီးအောက်ထပ်ကိုဆင်းမယ်ပြင်တော့ မှန်စစိုက်ထားတဲ့ခြေထောက်ကကောင်းကောင်းမထောက်နိုင်သေးပေ။ ခပ်မြန်မြန်လမ်းလျှောက်ရင် အနည်းငယ်နာကျင်သေးတာကြောင့်လှေကားလက်ရန်းကိုအားပြုရင်းဖြေးဖြေးချင်းဆင်းနေစဉ်

"ဟာ့ ကွတ်ကီး ဘာလုပ်တာလဲ"

Taehyungရဲ့ခန္ဓာကိုယ်ကိုဆွေ့ခနဲသူ့ပုခုံးပေါ်ကောက်တင်ရင်းလှေကားပေါ်ကဆင်းသည့်Jungkook။

The Prisoner (Completed)Where stories live. Discover now