Epi- 21

4K 489 26
                                    

The Prisoner

Hyung Sikနဲ့ Taehyung မနက်စောစောတွင် မနက်စာစားရင်းစကားစမြည်ပြောနေကြသည်။ Jungkookကတော့ ညဉ့်နက်ထိ ပန်းချီတွေဆွဲနေလို့ထင်ပါရဲ့ အခုချိန်ထိမနိုးသေးပေ။

"Taehyung ငါကြည့်ရသလောက်တော့ ကောင်လေးကမင်းအပေါ်ဆိုးလွန်းတယ်"

"ငါလုပ်ခဲ့တာတွေကိုသူခွင့်မလွှတ်နိုင်သေးလို့ပါ "

 Hyung SikကJungkookမရှိတုန်းသူ့အမြင်ကိုပြောလာသည်။ Taehyungကတော့သက်ပြင်းသဲ့သဲ့ချရင်းသာမနက်စာဆက်စားနေမြဲ။

"မင်းကဘာတွေများလုပ်ခဲ့လို့လဲ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်နေခဲ့တာမင်းအပြစ်မှမဟုတ်တာ"

Taehyungကဆိတ်ဆိတ်သာနေ၍ ကောင်လေးနဲ့သူ့ကြားမှာဘယ်အရာတွေကစတင်မှားယွင်းစေခဲ့တာလဲပြန်တွေးတောနေမိသည်။

"တာဝန်ကြောင့် အမှန်တိုင်းမပြောခဲ့ပေမယ့် နောက်ပိုင်းအမှုအတွက်အပေါ့အလျော့ဆုံးဖြစ်အောင် မင်းအကောင်းဆုံးကြိုးစားပေးခဲ့တာကို"

"ကလေးကဒဏ်ရာတွေများခဲ့လွန်းတော့ ငါကပါသူ့အပေါ်စိတ်ဒဏ်ရာထပ်ပေးမိသလိုဖြစ်သွားတော့ သူချက်ချင်းစိတ်မပြေနိုင်သေးတာပါ ငါ့အပေါ်တော့ချစ်ရှာပါတယ်"

"ချစ်ရင် မင်းစိတ်ဆင်းရဲအောင်ဘယ်လုပ်မှာလဲ သူသာတကယ်ချစ်ရင်မင်းဒီလောက်ကောင်းပေးနေတာမြင်ရမှာပေါ့"

Hyung Sikစကားကိုမချေပတော့ဘဲ Taehyungတွေတွေလေးငြိမ်သက်နေမိစဉ်

"ကျုပ်တို့အကြောင်းခင်ဗျားကဘာသိလို့ ဝင်ပြောနေရတာလဲ"

"ဟင် ကွတ်ကီး"

"သူများအိမ်ပေါ်လဲတက်နေသေးတယ် ကျုပ်တို့ကြားမှာမဆိုင်တာတွေလည်းဝင်ပြောပြီးကျုပ်ယောကျာ်းကိုဖြတ်ခုတ်ချင်နေတာမဟုတ်လား ကြာကူလီကောင်!"

ခွပ်!

အိပ်ယာနိုးလာတဲ့ကောင်လေးကဘယ်ချိန်ကတည်းကနားထောင်နေမှန်းမသိ။ ဒေါသတကြီးထွက်လာပြီး Hyung Sikမျက်နှာကိုထိုးပစ်တော့သည်။ ရုတ်တရက်မို့မရှောင်လိုက်နိုင်ဘဲ လဲကျသွားတဲ့Hyung Sikအပေါ်ကခွပြီး တစ်ချက်ပြီးတစ်ချက်ထိုးနေတဲ့Jungkookကိုဝင်ဆွဲပေမယ့် သူ့အားကိုချက်ချင်းမထိန်းနိုင်ချေ။

The Prisoner (Completed)Where stories live. Discover now