*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ

7.2K 1.3K 69
                                    

ရုန်ယိနဲ့ ရုန်ယိခန္ဓာကိုယ်တို့မှာ အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။
"ကျွန်တော်တို့ ဆရာတူအစ်ကိုချီလန်ရဲ့ မှတ်ဉာဏ်ထဲကနေ ဝင်ကြည့်ခဲ့ကြတာပါ.. အဲ့ထဲကနေမှ ကျင်းရဲ့ငယ်ငယ်လေးတုန်းက အပိုင်းကိုယူပြီး ဒီကျောက်တုံးထဲထည့်ထားတာပါ"

"လန်အာရဲ့ မှတ်ဉာဏ်!"
ယင်သခင်မကြီးက သူ့ကို အထူးတဆန်းနဲ့ ကြည့်လာ၏။
"သူ့မှတ်ဉာဏ်ထဲကို မင်းဘယ်လိုများ ဝင်ကြည့်ခဲ့တာလဲ"

ရုန်ယိခန္ဓာကိုယ်က မှတ်ဉာဏ်လမ်းကြောင်းထဲ ဖြစ်ခဲ့တာတွေကို သူမကို ပြန်ပြောပြလိုက်သည်။

"ငါသိပြီ"
ယင်သခင်မကြီးမှာ သက်ပြင်းမောတစ်ချက်ချလိုက်ကာ
"လန်အာက ကျင်းရဲ့အဖေကို တစ်ကယ့်ကို အရိုးထဲထိတိုင်အောင် မုန်းတီးနေတာကိုး.. ဒါလည်း နားလည်နိုင်ပါတယ်လေ.. ငါတို့ယင်မိသားစုက သူတို့ချီမိသားစုကို အကြွေးကြီးကြီးတင်နေတာလည်း အမှန်ဘဲကို"

ရုန်ယိခန္ဓာကိုယ်က ကောင်းမွန်နေတဲ့လေထုလေးကို ဖျက်ဆီးလိုက်မိတာမျိုး မလိုချင်တာကြောင့် ကျောက်လေးကို တစ်ဖက်လှန်လိုက်ပြီး
"အမေ.. ဒီဘက်မျက်နှာပြင်က ဒီအတိုင်းရုပ်သေပုံတွေချည်းဘဲ.. ဒါပေမယ့် ဒီဘက်ကတော့ သက်ဝင်လှုပ်ရှားနေတဲ့ပုံတွေပါ"

ထို့နောက် သူ့ဝိညာဥ်စွမ်းအားတွေကို ထည့်သွင်းလိုက်တဲ့အခါ မျက်နှာပြင်မှာ မြင်ကွင်းတစ်ကွက်ချင်း ပြသလာတော့၏။

ယင်သခင်မကြီးမှာ သူမသားရဲ့ လမ်းလျှောက်သင်ခါစပုံ စကားပြောသင်ခါစပုံလေးတွေကို မြင်တွေ့လိုက်ရတဲ့အခါ မပြုံးဘဲ မနေနိုင်တော့..။
"ကျင်းရဲ့သေးသေးလေးက အရမ်းချစ်ဖို့ကောင်းတာဘဲ"

ရုန်ယိခန္ဓာကိုယ်က သက်ပြင်းချကာ ပြောလာသည်။
"**ဘောင်းဘီအခွဲလေးနဲ့ ကျင်းရဲ့ကို မတွေ့ရတာတော့ နှမြောဖို့ကောင်းတယ်"

[##
**split pant ပါ
ရှေးခေတ်တရုတ်မှာ ကလေးတွေအတွက် ဒိုင်ဘာလိုမျိုးဟာပါ ဖင်မှာအခွဲလေးနဲ့ 😂]

ယင်ကျင်းရဲ့ "....."

ဒီကောင်လေးရဲ့ ဦးနှောက်ကိုဖွင့်ပြီး အမြဲတမ်း ဘာတွေတွေးနေလဲဆိုတာ သူတစ်ကယ် ကြည့်ပစ်လိုက်ချင်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now