အနှစ်ချုပ်

2.8K 200 16
                                    

[Unicode]

ရှုနင် CEOဝတ္ထုတစ်ပုဒ်ကိုဖတ်ခဲ့သည်။ ထိုဝတ္ထုထဲတွင် လှပပြီး ကြေကွဲဖွယ်ကောင်းရှာသည့် ဗီလိန်တစ်ယောက်ပါရှိလေသည်။ ထိုသူသည်ကား ချမ်းသာကြွယ်ဝသည့်မိသားစုတစ်ခု၏ အစစ်အမှန်သခင်လေးဖြစ်ပါသော်လည်း မွေးဖွားစဥ်အခါက ကလေးချင်း လဲလှယ်ခံခဲ့ရကာ လူဆိုးလူသွမ်းတစ်ယောက်ဖြစ်လာခဲ့ရသည်။နောက်ပိုင်းမှာတော့ သူ၏ချမ်းသာကြွယ်ဝသည့်မိသားစုထံပြန်သွားကာ အတုအယောင်သခင်လေးနှင့် အတိုက်အခံပြုပြီး သူ၏စေ့စပ်ထားသူအတွက် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင်တော့ အဆောက်အဦးထိပ်မှပြုတ်ကျသေဆုံးခဲ့သည်။

သူသေဆုံးပြီးနောက်တွင်တော့ အတုအယောင်သခင်လေးက သူ၏ငွေများ သူ၏အလုပ်အကိုင် စေ့စပ်ထားသူ နဲ့ သူ့ရဲ့အချစ်ကိုပါ အပိုင်သိမ်းသွားခဲ့တော့သည်။

ရှုနင် ဒေါသတကြီးနဲ့ ထိုဝတ္ထုစာအုပ်ကို စုတ်ဖြဲပစ်ပြီးနောက် ထိုညတွင်ပဲ စာအုပ်ထဲသို့ဝိညာဥ်ကူးပြောင်းသွားခဲ့လေသည်

ဗီလိန်လေးက သူ၏ခြေထောက်ကိုခါရမ်းကာ ကျိန်ဆဲ၏။ သူ၏ အတန်းအဆင့်များသည်လည်းဆိုးရွားသည့်အပြင် ဆံပင်များကိုလည်းအဝါရဲရဲဆိုးလို့ထား၏။ ကောင်းကွက်တစ်ချက်ပင်မရှိပါချေ။

ရှုနင်တစ်ယောက် မျက်လုံးဆောင့်ဆွဲမိတော့သည်: သူ့ကို ဝေ့မိသားစုဆီပြန်မပို့ခင် အပြောင်းအလဲလေးလုပ်ပေးလိုက်ရအောင် မဟုတ်ရင်တော့လား သူ ဝေ့မိသားစုဆီက ထပ်ပြီး စွန့်ပစ်ခံရလိမ့်မှာပဲ

ရှုနင် အသွင်ပြောင်းပေးပြီးနောက်မှာတော့

ဗီလိန်လေးသည် ခြေထောက်များအားမခါရမ်းတော့ဘဲ ကျိန်ဆဲခြင်းမရှိတော့ချေ။ သူ၏ ရူးနှမ်းလှသည့် လမ်းသရဲစတိုင် ဆံပင်ကိုလည်း ညှပ်လိုက်သည်။ သူကား နတ်သားတစ်ပါးနှယ် တင့်တယ်လှပသွားကာ တစ်တန်းလုံးတွင်လည်း အဆင့် ၁ ရရှိခဲ့သည်။

ပါးပါးရှုနင်တစ်ယောက် စိတ်သက်သာရာရစွာမျက်ရည်လည်မိတော့သည်: ငါတို့ ပေါင်ပေါင်းလေးက သိပ်တော်တာပဲ သူက ကျိန်းသေပေါက်ကို အဲ့သခင်လေးအတုကောင်ကို ရှင်းထုတ်ပစ်နိုင်တော့မှာ
(ပေါင်ပေါင်း = ကလေးလေး)

ဗီလိန်အလှလေးကို ကယ်တင်မယ် (မြန်မာဘာသာပြန်)Where stories live. Discover now