အခန်း(၅)

328 78 5
                                    

Unicode

ကျိုကျွမ်းသည် ပြာယာခတ်သွားကာ အမြန်ပြန်ငြင်းတော့သည်။
“ ငါတို့လုပ်တာမဟုတ်ဘူး ငါတို့လုပ်တာမဟုတ်ဘူး”

ရှုနင်ပြောလိုက်၏။
“ ငြင်းမနေစမ်းပါနဲ့ဗျာ ခင်ဗျားတို့အိမ်ပြတင်းပေါက်ကနေ အရက်ပုလင်းပြုတ်ကျလာတာကို ကျွန်တော့် မျက်လုံးနဲ့မြင်လိုက်တာ ကျွန်တော့်အဖေနဲ့ကျွန်တော်သာ အရှောင်မမြန်ရင် အစိတ်စိတ်အမွှာမွှာဖြစ်နေလောက်ပြီ”

စကားပြောရင်းဖြင့် သူသည် အလွန်သေးငယ်ကာ အကုန်အတိုင်းသားမြင်နေရသည့် ဧည့်ခန်းအား ဖျက်ခနဲလှမ်းကြည့်လိုက်သည်။
ရှုနင်သည် ဧည့်ခန်းထဲသို့ဝင်သွားလိုက်ပြီး ကော်ဖီစားပွဲပေါ်မှ အခြားပုလင်းတစ်လုံးအား ကောက်ကိုင်လိုက် ပြီးနောက် ထိုပုလင်းပေါ်မှ စာသားအား ဖျက်ခနဲကြည့်လိုက်သည်။
“ အရှေ့တောင်ပိုင်းဘီယာ ဒီဟာပဲ”

ပါးပါးရှုသည်လည်း မျက်မှောင်ကြုံ့ကာ အခန်းထဲသို့ဝင်လာ‌လေသည်။ 
အရက်ပုလင်းအား ငုံ့ကြည့်ပြီးနောက် တစ်ချက်လှောင်ရယ်လိုက်လေသည်။
“ အရှေ့တောင်ပိုင်းဘီယာတဲ့ ရှားပါးတံဆိပ်ပဲ”

ယခုအခါတွင် ကျိုကျွမ်းသည် မငြင်းဆန်နိုင်တော့လေရာ အကူညီတောင်းရန် ဧည့်ခန်းထဲရှိယောကျာ်းဖြစ်သူအား လှမ်းကြည့်လိုက်သည်။
ရင်းချန်သည် ပါးပါးရှု၏ ကတုံးပြောင်ပြောင်နှင့် ရွှေဆွဲကြိုးကြီးကိုမြင်သော် အနည်းငယ်သွေးကြောင်သွားကာ “ကျုပ်ပစ်ချတာမဟုတ်ဘူး”

ပြီးနောက် ဖြေးဖြေးချင်းထရပ်လာသည့် ဗီလိန်လေးအား လက်ညှိုးညွှန်ကာပြောလိုက်လေသည် “သူပစ်ချလိုက်တာ မင်းတို့ပြသာနာရှာချင်ရင် သူ့ကိုသွားရှာကြ ငါလည်းမတတ်နိုင်ဘူး”

ရှုနင် : “?”

ရှုနင်မှာ ရှော့ရသွားလေသည်။

ရင်းချန်သည် စကားပြောပြီးသည့်နောက် အိပ်ခန်းသို့လှည့်ထွက်သွားကာ တံခါးပိတ်ထားလိုက်ပြီး ထပ်၍ထွက်မလာတော့ပေ။

ရှုနင် : “…”

ရှုနင်ထင်ထားခဲ့သည်မှာ ရင်းချန်သည် ကြမ်းကြုတ်ကာ ရန်လိုတတ်သူတစ်ဦးဟုပင်။
သူ မထင်ထားခဲ့သည်က ထိုသူသည် သူ့ထက်သန်မာအားကြီးသူတစ်ယောက်အားတွေ့သည်နှင့် သူရဲဘောကြောင်သည့် ငကြောက်တစ်ယောက်ဖြစ်သွားသည်ကိုပင်။

ဗီလိန်အလှလေးကို ကယ်တင်မယ် (မြန်မာဘာသာပြန်)Where stories live. Discover now