အခန်း(၂) သူက မူကြိုတောင်မတက်ခဲ့ရရှာဘူး

595 127 10
                                    


[Unicode]

ရင်းမင်ကျန်းသည် အလွန်တရာပင်လှပသည်။ ၁၄နှစ်အရွယ်တွင် သူ၏အသွင်အပြင်သည် ကလေးဆန်ကာသိမ်မွေ့လှပသည်။ သူ၏အသားအရည်မှာ ဖြူဖျော့သည်။ သူ၏ခန္ဓာကိုယ်သည် အပြည့်အဝမဖွံ့ဖြိုးသေးလေရာ သူ၏အရိုးတည်ဆောက်ပုံမှာလည်း မိန်းမငယ်လေးတစ်ယောက်နှယ် သေးသွယ်လှသည်။ ကာလရှည် အာဟာရချို့တဲ့ခြင်းကြောင့် သူ၏တစ်ကိုယ်လုံးသည် ပိန်ပါး၍ အားအင်ချည်နဲ့နေကာ အလင်းကွယ်နေသည့် နံရံထောင့်စွန်းတွင် ပေါက်ရောက်ရန်ကြိုးစားနေရှာသော ပေါင်းပင်လေးသဖွယ်ပင်။ ပေါင်းပင်လေး၏ ရိုးတန်လေးသည် သေးသွယ်ပြီးရှည်လျားလေရာ လေတစ်ချက်အဝေ့သည်ပင် ထိုသည်အား အပြင်းအထန် လှုပ်ခတ်စေပေလိမ့်မည်။

သူသည် အသက်၁၅နှစ်ပြည့်တော့တော့မည်ဖြစ်ကာ 7တန်း အခန်း (၃)ရှိ အသက်အကြီးဆုံးကလေးများထဲမှ တစ်ယောက်လည်းဖြစ်သည်။

ထိုစဥ်က သူ၏အရက်သမားဖခင်သည် သူ့အား ကျောင်းသို့ပေးမသွားချေ။ ရပ်ကွက်အုပ်ချုပ်ရေးကော်မတီအဖွဲ့က သူ၏အဖေအကြောင်းသိကာ ကလေးအားကျောင်းထားပေးရန် သူ၏မွေးစားအမေအားအထူးသတိပေးခဲ့သည်။ သူ့အားကျောင်းထားရန် ငွေမကုန်ကြောင်းသေချာစေပြီးမှသာ မွေးစားအမေကသူ့အား မူလတန်းကျောင်းသို့ ပို့ခဲ့သည်။ ထိုသို့မဟုတ်လျှင် ရင်းမင်ကျန်း ကျောင်းပင်တက်ခဲ့ရမည်မဟုတ်ပေ။

သူ့မွေးစားမိဘများ၏ ဂရုမပြုမှုကြောင့် ရင်းမင်ကျန်းသည် သူနှင့်ရွယ်တူကလေးများထက် တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ခဲ့ရသည်။

မူကြိုတက်ဖို့သည်တော့ ရင်းမင်ကျန်းအတွက် အခွင့်မရှိခဲ့ပေ။ သူ၏မိသားစုသည် အလွန်အမင်းဆင်းရဲမွဲတေလေရာ သူ၏မွေးစားမိဘများသည် သူ့အတွက် ငွေဖြုန်းရန်မလိုလားကြပေ။

အသက် သုံးလေးနှစ်အရွယ်တွင် ကလေးအတော်များများ မူကြိုတက်နေကြချိန်တွင် ရင်းမင်ကျန်းသည်ကား အုပ်ထိန်းသူမရှိဘဲ တစ်ကိုယ်တည်း ရပ်ကွက်အနှံ့ လျှောက်ပတ်ခဲ့ရသည်။

ရှုနင်သည် ရင်းမင်ကျန်းထက် တစ်နှစ်ငယ်လေသည်။ သုံးနှစ်သားအရွယ်တွင် ရှုနင်သည် ရပ်ကွက်မူကြိုကျောင်းဖြစ်သည့် နေကြာမူကြိုကျောင်းသို့ တက်ခဲ့သည်။ ရှုနင် ကစားကွင်း၌ ဆော့ကစားနေချိန်တွင် မြက်ခင်းစိမ်းများ ခြားထားသည့်ခြံစည်းရိုးအပြင်ဘက်၌ မူကြိုရှိကလေးများအား စိတ်အားထက်သန်စွာ ငေးမောကြည့်နေတတ်သည့် ရင်းမင်ကျန်းလေးအား အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်။
(T/N ကိုယ် တကယ် မင်ကျန်းလေးကိုသနားနေပြီရယ် ဖက်ထားပေးချင်လိုက်တာ ကလေးရယ်)

ဗီလိန်အလှလေးကို ကယ်တင်မယ် (မြန်မာဘာသာပြန်)Where stories live. Discover now