အခန်း (၄)

387 84 11
                                    

Unicode

ရင်းမင်ကျန်း အိမ်ပြန်ရောက်ချိန်တွင် အရက်နံ့များ တထောင်းထောင်း ထလို့နေသည်။

စတုရန်းမီတာ ၄၀မျှသာကျယ်ဝန်းသော အခန်းအား အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းအဖြစ် အသွင်ပြောင်းထားသည်။ ဧည့်ခန်းသည် အလွန်ပင် သေးငယ်လှသည်။ ထမင်းစားပွဲအား ဧည့်ခန်းတံခါး၏ဘေးဖက်နားတွင် ထားရှိကာ ထိုစားပွဲပေါ်တွင်  စားကြွင်းစားကျန်များဖြင့်ပြည့်နှက်လို့နေသည်။ တံခါးအားဖွင့်လိုက်သည်နှင့် ဧည့်ခန်းတွင်းရှိ အခြေအနေများအား မည်သူမဆို တွေ့​မြင်နိုင်မည်ဖြစ်သည်။

အခန်းတွင်းရှိ ပရိဘောဂများမှာ တစ်ပတ်ရစ်စျေးမှဝယ်ယူထားခြင်းဖြစ်ပြီး အခန်းကြမ်းပြင်အား အလွန်တရာပင်အရည်အသွေးနိမ့်လှသော
သစ်သားကြမ်းပြင် ခင်းထားလေသည်။ ပြီးခဲ့သည့် ၁၀နှစ်ကျော်ကာလအတောအတွင်းတွင် ထိုသစ်သားကြမ်းပြင်သည် နေရာအတော်များများ၌ကျိုးပဲ့ပျက်စီးနေကာ မည်သူကမှ ထိုသည်အား ပြန်လည်ပြင်ဆင်ထားခြင်းမရှိချေ။

လူတစ်ယောက်သည် ဆိုဖာခုံအောက်ဘက် သစ်သားကြမ်းပြင်ပေါ်၌ လှဲနေကာ ဟောက်သံကျယ်ကြီးများ ထွက်လို့နေသည်။ ကြမ်းပြင်ထက်တွင် အရက်ပုလင်းများပြန့်ကျဲနေကာ အမှိုက်သရိုက်များလည်း ရှုပ်ပွနေသည်။

ရင်းမင်ကျန်းသည် ထိုလူကြီးအား ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီးနောက် ကျောပိုးအိတ်လေးအားလွယ်ကာ သူ၏အခန်းကျဥ်းလေးထဲ လျှောက်သွားလိုက်သည်။

သူသည် ကန့်ထားသောအခန်းလေးထဲ၌သာနေရကာ ကုတင်တစ်လုံးနှင့် ဗီရိုအသေးလေးတစ်လုံးမှလွဲလျှင် အခြားမည်သည့်ပစ္စည်းမျှထည့်၍မဆန့်ပါချေ။ စာအုပ်နှင့် အခြားပစ္စည်းပစ္စရာများအား မြေပေါ်၌သာစုပုံထားရလေသည်။

သူ၏အခန်းသည် ဆင်ဝင်​နေရာအားပြုပြင်ထားသောအခန်းဖြစ်သောကြောင့် ပြတင်းပေါက်များသည် အလွန်ကြီးမားလေသည်။ ထိုနေရာတွင် အဝတ်များအခြောက်ခံလှမ်းရန်လိုသောကြောင့် မိသားစုဝင်များ အဝတ်ဝင်လာလှမ်းရန် လူသွားလမ်းထားပေးထားရလေသည်။

ဗီလိန်အလှလေးကို ကယ်တင်မယ် (မြန်မာဘာသာပြန်)Where stories live. Discover now