အခန်း (၆)

312 70 6
                                    

ကျောင်းသားများ၏အမြင်တွင် “ဆရာမရဲ့အလိုတော်ရိလေး”ဟူသည် စော်ကားသည့်စကားဖြစ်သည်။ ရင်းမင်ကျန်းသည် ရှုနင်တစ်ယောက် ထိုသို့ ပြောဆိုခံရသည်ကို ကျိန်းသေပေါက် စိတ်ဆိုးဒေါသထွက်သွားလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း သူ မသိသည်ကား ရှုနင်သည် အရွယ်ရောက်ပြီးသူတစ်ယောက်၏ စိတ်ဝိညာဉ်ဖြစ်သည်ကိုပင်။

အရွယ်ရောက်ပြီးလူကြီးတစ်ယောက်အဖို့ ထို့သို့သော ကလေးကလားအကွက်များသည် အသုံးမဝင်ပေ။

ထို့အတွက် ရှုနင်သည်  ခပ်မဆိတ်ပြုံးကာ ပြောလိုက်သည်။ “ဟုတ်တယ်”

“@¥%&%#!” ရင်းမင်ကျန်းသည် ဝါဂွမ်းအားလက်သီးဖြင့်ထိုးလိုက်မိသလို ခံစားလိုက်ရကာ ပါးစပ်မှ ဆဲရေးစကားများထွက်လာတော့သည်။

ရှုနင်သည် ထိုအဆဲစကားများအားကြားသည့်အခိုက်တွင်  ဆွံ့အသွားရတော့သည်။

သူသည် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်လေရာ ညစ်ညမ်းသည့်ဆဲ​ရေးစကားများအား ကြားဖူးသင့်သလောက်ကြားဖူးခဲ့သော်လည်း ထိုမျှရိုင်းစိုင်းညစ်ညမ်းသော ဆဲ​ရေးစကားများအား တစ်ခါမှမကြားဖူးခဲ့ပေ။

သူ ရုတ်ချည်းပင် ဘာကြောင့်များ ဝေ့မိသားစုသည် ဗီလိန်လေးအား အိမ်ပြန်ခေါ်ပြီးသည့်နောက်တွင်ပင် အတုကောင်သခင်လေးနှင့် သခင်လေးအစစ်မှန် ၂ယောက်ကြား စိတ်လွန်ဆွဲခဲ့ကြသေးသည်ကို နားလည်သွားရတော့လေသည်။

လမ်းသရဲဆံပင်ကေ၊ ဟော့ရမ်းရမ်းအသွင်အပြင်နှင့် ခြေထောက်များဂနာမငြိမ်လှုပ်ရမ်းကာ ဆဲဆိုတတ်သေးသည်။

နေရာအနှံ့ပျဲ့ကျဲနေသည့် အတင်းအဖျင်းကောလဟာလများနှင့်ပေါင်းကာ သူ့အား သဘောမကျကြသည်မှာ အဆန်းတော့မဟုတ်ပေ။

အတုကောင်သခင်လေးသည် ထူးချွန်ထက်မြက်ကာ လိမ္မာယဉ်ကျေးသည်။ မည်သည့်နေရာမှယှဉ်ယှဉ် ဗီလိန်လေးသည် မယှဉ်သာနိုင်ပေ။ ထို့အတွက် ဝေ့မိသားစု စိတ်လွန်ဆွဲခဲ့သည်အား အပြစ်မဆိုသာပေ။

မူလက ရှုနင်သည် အခွင့်ရေးတစ်ခုရှာကာ ဗီလိန်လေးအားအမှန်တရားပြောပြကာ ဝေ့အိမ်အား ပြန်သွားခိုင်းရန်လုပ်ထားသော်လည်း ယခုတွင်တော့ ထိုအကြံအစည်အား လက်လျှော့ရန်ဆုံးဖြတ်လိုက်လေသည်။ ဗီလိန်လေးသာ ယခုပုံစံဖြင့် ဝေ့အိမ်သို့ပြန်သွားရာမှ ဝေ့အိမ်ကအသိအမှတ်မပြုခဲ့လျှင် သူသည် လမ်းပေါ်တွင် အရိုးဆွေးကာ အဆုံးသတ်ရပေလိမ့်မည်။

ဗီလိန်အလှလေးကို ကယ်တင်မယ် (မြန်မာဘာသာပြန်)Where stories live. Discover now