My hubby 1

1.3K 84 0
                                    

Z a W g y i💖

"Ceo ဒီတစ်ခေါက် ခရီးသွားတာ ကြာတယ်နော်"

ချယ်က ဒီလိုပဲ အမြဲတမ်း အလုပ်ကိစ္စခရီးထွက်ရတယ် ကိုယ်စားမလွတ်ပဲ ရုံးခွဲမှာ ပြသာနာဖြစ်တိုင်းသူကိုယ်တိုင်ပဲ ဖြေရှင်းတယ်လေ

"အင်း စီမံခန့်ခွဲစရာရှိတာလေး လုပ်နေရလို့ပါ
ဒါနဲ့ ချယ်မရှိတုန်း ကုမ္ဗဏီမှာ ဘာပြသာနာဖြစ်သေးလဲ"

"ဟုတ်ကဲ့CEO ......Ceoမရှိတုန်းက ဝန်ထမ်းတစ်ယောက်က ငွေတွေခိုးဖို့လုပ်တဲ့ ကိစ္စကို မိသွားတယ်"

"ဒါဆို အဲ့တစ်ယောက်ကော"
ချယ်တစ်ယောက် ဒေါသတွေ အလိပ်လိုက်ထွက်နေပြီ ချယ်အမုန်းဆုံးက လိမ်တာပဲ လိမ်တဲ့သူကိုလည်း ထိုက်သန်တဲ့ အပြစ်ပေးရမှ ကျေနပ်တဲ့သူ

"Ceo..ကျွန်မတို့ သူ့ကို အလုပ်ထုတ်လိုက်ပါပြီ"

"ကောင်းတယ် အဲလိုလူမျိုးက အဲဒီလို အပြစ်မျိုးနဲ့ပဲ ထိုက်တန်တယ်"

"ဒါနဲ့ အတွင်းရေးမှူး Kim comedyနဲ့ အစည်းအဝေးက ဘယ်အချိန်လဲ ပြီးတော့ ငါ သူတို့CEO Kimနဲ့လဲ တွေ့ချင်တယ်"

"Ceo အဲဒါက.......သူ့အတွင်းရေးမှူးက ပြောတယ် သူတို့CEO Kimက မအားဘူးတဲ့ ပြီးတော့.. အတွင်းရေးမှူးပဲ အစည်းအဝေးတက်မှာ... သူတို့ CEOက တစ်ပတ်မှ တစ်ရက်ပဲ ကုမ္ဗဏီလာတာတဲ့"

"ဘာ... သူတို့ အလုပ်ကို မလေးမစားလုပ်တာပဲ CEOဖြစ်ပြီး အစည်းအဝေးလည်း တစ်ခါမှ မတက်ဘူး...ဘယ်လိုCEOလည်း... စိတ်ပျက်တယ်နော်"

အတွင်းရေးမှူးကတော့ သူ့CEO ဒေါသကို သိ၍ အခန်းပြင်သို့ ထွက်စဉ်
" ဟူး............... IU"
...အိုင်ယူဆိုတာ ချယ်ရဲ့ အတွင်းရေးမှူးပါ ပြီးတော့ သူငယ်ချင်းဆိုလည်း ဟုတ်တယ်

"ဟုတ်ကဲ့ CEO"

"သူတို့Kim comedyကို ပြောလိုက်ပါ ငါလည်းသူတို့ စီအီးအိုနဲ့ တွေ့ရမှ အစည်းအဝေး လုပ်မယ်လို့"
"ဟုတ်ကဲ့ပါ စီအီးအို ဒါဆို သွားလိုက်ပါဦးမယ်"
✒✒ ✒✒✒ ✒✒ ✒✒✒ ✒✒✒
Bar...၌
ချယ်က စိတ်ညစ်ပြီး ဘားကို လာခဲ့တယ် ချယ်က တစ်ခါတစ်လေ စိတ်ညစ်တိုင်း လာတယ်
..................................
"ကောင်မလေး မင်းတစ်ယောက်ထဲလား အဖော်မပါဘူးလား"

My Hubby (Completed) Where stories live. Discover now