My hubby 13

646 49 4
                                    

Z a W g y i

ယောင်းမေ့နေတာ သုံးလေးရက်ရှိပြီ အခုထိ သတိမရသေးဘူးလေ
"Jenနားလိုက်ဦးလေ အန်တီယောင်းလေးကို ကြည့် ထားလိုက်မယ်"
"ရပါတယ် အန်တီ သမီး ယောင်းနားမှာနေချင်လို့ပါ"

"အေးပါကွယ် ဒါဆိုလည်း မပြောတော့ပါဘူး... ယောင်းလေးက ကံကောင်းလိုက်တာ ယောင်းလေးမှာ Jenလိုချစ်သူရထားတာ.. jenရေ ယောင်းလေးကို အပ်ပါတယ်"

"ဟုတ်ကဲ့ပါ အန်တီ ယောင်းကို Jenစောင့်ရှောက်မှာပါ"
💭ယောင်းရယ် သတိရပါတော့.. မတို့ လက်ထက်ရဦးမယ်လေ စီစဉ်စရာတွေလည်း ရှိသေးတယ် မဟုတ်လား ထပါတော့နော်😭
...........      ....... . . . .. . . . . . .. . . . . .. . . .. .  .. .
Jenတစ်ယောက်.. ယောင်းသတိရလာလို့ ဒေါက်တာကို သွားခေါ်သည်

"ဒေါက်တာ ဒေါက်တာ လာပါဦး ယောင်းသတိရလာပြီ"
ဒေါက်တာရောက်ခဲ့ပြီး ယောင်းကို စစ်ဆေးနေသည်

..."လူနာ ဘယ်လိုနေသေးလဲ ခေါင်းကိုက်သေးလာဲး"

"မကိုက်တော့ပါဘူး ဒေါက်တာ ကောင်းပါတယ် နေလို့လည်းကောင်းပါတယ်"

"ဒါဆို အားလုံးကောင်းပါတယ် စိတ်ပူစရာ မရှိတော့ပါဘူး"

"ယောင်းလေး အိုမားကို မှတ်မိတယ်မလား"

"မှတ်မိပါတယ် အိုမား"

"ယောင်း.. မကိုကော မှတ်မိလား"

ယောင်းအိုမားဘေးမှာ နေနေတဲ့ Jenကမေးလိုက်သည်
"ရှင်... မ.. ဘယ်သူလဲ ကျွန်မရှင့်ကို မသိဘူး"

ယောင်းက ဘယ်သူလဲလို့ ပြောလိုက်တော့ Jenဆွံ့အသွားသည် ယောင်းက သူ့ကို မမှတ်မိဘူးတဲ့

"ယောင်းရယ် မနောက်ပါနဲ့ မလေ.. ယောင်းရဲ့မလေ"

"မ... ယောင်းရဲ့မ.. အာ.. မသိဘူး အိုမား ခေါင်းကိုက်တယ်"

"ကျွန်တော်တောင်းပန်ပါတယ် လူနာကို အများကြီးမမေးပါနဲ့ လူနာက အခုမှ သတိရကာစပဲ ရှိသေးတယ်"

Jenနဲ့ ယောင်းအိုမားလည်း ဒေါက်တာစကားကို ခေါင်းငြိမ့်လိုက်သည်
"ဒေါက်တာ ယောင်းက ဘာလို့ကျွန်မကို မမှတ်မိတာလဲ"

"အဲဒါက ဖြစ်တတ်ပါတယ် accident တစ်ခုခု ဖြစ်သွားချိန်မှာ ကိုယ်စွဲလမ်းတဲ့အရာတစ်ခု ဒါမှမဟုတ် ကိုယ်မုန်းတဲ့ အရာတစ်ခုခုကို မေ့ပြီး ကျန်တာတွေကိုတော့ မှတ်မိနေတတ်တယ်"

My Hubby (Completed) Where stories live. Discover now