*177* ပထမဆုံးအနမ်း

7K 1.2K 33
                                    

ရုန်ယိခန္ဓာကိုယ်က ရယ်မောရင်း
"ဟုတ်တယ် ကျွန်တော့် ဝိညာဥ်သုံးခုနဲ့ စိတ်ဝိညာဥ်ခုနှစ်ခု တစ်သားတည်းပြန်ဖြစ်သွားပြီ.. ဒါပေမဲ့ ဒါက တော်တော်လေး မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေး ပြန်ထွက်သွားနိုင်တယ်လို့ ကျွန်တော်ခံစားနေရတယ်"

အစကတော့ ရုန်ယိတစ်ယောက် စာကြည့်ခန်းထဲမှာ ပါဝင်ပစ္စည်းတွေကို လေ့လာကြည့်နေတာဖြစ်၏။ ရုတ်တရက် သူ့အသိစိတ် ဝါးသထက် ဝါးလာကာ သူနိုးလာတဲ့အချိန်မှာတော့ ယင်ကျင်းရဲ့ဆီရောက်နေတာကို တွေ့လိုက်ရသည်။

"မင်းဝိညာဥ်တွေ ဘယ်အချိန်က ကိုယ်ထဲ ပြန်ရောက်လာတာလဲ"
ယင်ကျင်းရဲ့က သူ့ကို ပုဝါနဲ့ ဂရုတစိုက် ပွတ်သုတ်ပေးနေ၏။ အရင်ဦးဆုံး နဖူးဆံစကနေ နောက်တော့ မျက်ခုံးထူထူလေးတွေဆီထိ...။ တစ်ခြားတစ်ယောက်ကို ဘယ်တုန်းကမှ ပြုစုမပေးခဲ့ဖူးတဲ့ သူက အခုတော့ သူ့အာရုံအလုံးစုံကို ရုန်ယိ မျက်နှာလေးအပေါ်မှာသာ ထားရှိထားလေသည်။

"ကျွန်တော်က အများကြီးရယ်မောလေ့ရှိလားလို့ ခင်ဗျားစမေးလိုက်တဲ့ အချိန်တည်းကဘဲ"
ရုန်ယိခန္ဓာကိုယ်က မေးလေးမော့လိုက်ပြီး
"ခုနကလေးတင် ခင်ဗျား ကျွန်တော့်ခန္ဓာကိုယ်ကို ဘာလုပ်ဖို့ ခေါ်ထုတ်သွားလဲသိချင်နေတာ.. ဒီတော့ ခင်ဗျားက သူ့ကို ရေချိုးရင်းကျောက်တိုက်ပေးမလို့ပေါ့.. ပြီးတော့ ခင်ဗျားက တက်ကြွနေတဲ့ကျွန်တော့်ပုံစံကို ပိုသဘောကျမှန်းလည်း ကျွန်တော်သိလိုက်ရတယ်"

ယင်ကျင်းရဲ့က မျက်ခုံးတွေပင့်လိုက်ရင်း
"မင်းတစ်ကယ်ဘဲ တစ်ယောက်တည်းပြန်ဖြစ်သွားပြီနော်"

"အင်း.. ယာယီလောက်တော့....."
ရုန်ယိခန္ဓာကိုယ်မှာ သူ့စကားတောင်ဆုံးအောင်ပြောခွင့်မရလိုက်..။ ယင်ကျင်းရဲ့က သူ့နှုတ်ခမ်းတွေကို စတင်နမ်းရှိုက်လာ၏။ သူ့မှာ နေရာမှာတင် အေးခဲသွားရပြီးမှ စိတ်လှုပ်ရှားစွာ တစ်ဖက်လူရဲ့ လည်ပင်းကို ခပ်တင်းတင်းလေး ဖက်ကာ ပြန်လည် နမ်းရှိုက်လိုက်လေသည်။

နှစ်ယောက်စလုံးမှာ အရင်က တစ်ခါမှ မနမ်းဖူးကြတာကြောင့် သူတို့ရဲ့အနမ်းစွမ်းရည်မှာ သုံးစားမရလောက်အောင် သံချေးတက်နေကြပြီး တစ်ယောက်နှုတ်ခမ်း တစ်ယောက် အရူးအမူးကိုက်ဖြတ်နေကြခြင်းနဲ့ စတင်ကြလေသည်။ နောက်ဆုံးတော့လည်း နှစ်ယောက်သားမှာ စိတ်ဆန္ဒတွေကို လချီပြီး ထိန်းချုပ်ထားခဲ့ကြရပြီး အခုမှ ဒီလိုထိတွေ့လိုက်နိုင်တဲ့အခါ တစ်ကယ့်ကို ထိန်းချုပ်နိုင်စွမ်းမရှိကြတော့..။ အမြဲတမ်းအေးတိအေးစက်နဲ့ ယင်ကျင်းရဲ့တောင်မှဘဲ သူ့စိတ်ဆန္ဒတွေကို ထပ်မံမထိန်းချုပ်နိုင်တော့ဘဲ ရုန်ယိနှုတ်ခမ်းတွေကို အရူးအမူး တိုက်ခိုက်နေမိသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now