ఌ︎ 𝗎𝗇𝗂𝖼𝗈𝖽𝖾 _
_ 𝖳𝗁𝗈𝗋𝗇𝗅𝖾𝗌𝗌 𝖱𝗈𝗌𝖾 _
🌹
“ တော်သေးတာပေါ့ အိမ်ရှေ့စံ နဲ့တွေ့လာလို့ အဲ့ဒါ့ကြောင့် အကိုဂျယ်ယွန်း ကို စိတ်မချရတာ ကိုယ်သေးသေးလေးနဲ့ ပျောက်သွားရင် လှစ်ကနဲ လှစ်ကနဲ ”
ခါးကြီးထောက်ကာ စကားတွေတရစပ်ပြောနေတဲ့ မူရာ့ကို ကုတင်ပေါ်မှာ ပုံ့ပုံ့ကလေးထိုင်နေတဲ့ ဂျယ်ယွန်း ကဘာမှပြန်မပြောနိုင်ပေမယ့် မျက်စောင်းတွေတော့ အဆက်မပြတ် ပို့လွှတ်လျက် ။ ဂျုံဆောင်း ကတော့ တနေ့က မင်းသားငယ် ပေးလိုက်တဲ့ ပျားရည်နဲ့လုပ်သောအချိုလုံးလေးတွေကို စားနေတာမလို့ စကားဝိုင်းထဲလည်း အာရုံမရောက် ။ မူရာ ကတော့ ဒီကလေးကြီးနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းသာချလိုက်မိသည် ။
“ အိမ်ရှေ့စံ ရောက်နေပါတယ် သခင်လေးရှင်းမ် ”
“ အင်း ဝင်လာခိုင်းလိုက်လေ ”
“ ဘာလာလုပ်ပြန်တာလည်း အဲ့လူက အခုလေးတင် ပြန်သွားတာလေ ”
“ အကိုဂျယ်ယွန်း အိမ်ရှေ့စံ ကို စကားဘယ်လိုပြောနေတာလည်း ”
“ မင်းကငါ့ကိုဆိုဆူဖို့ပဲ လောရှည်ကောင် ထွက်သွား သွား ! ”
ခေါင်းအုံးသေးသေးလေးနဲ့ မူရာ့ကို ပစ်ပေါက်လိုက်ပေမယ့် တကယ်တမ်းထိသွားတာက အိမ်ရှေ့စံ ကိုဖြစ်နေသည် ။ ပျားရည်လုံးတွေချည်းစားနေတဲ့ ဂျုံဆောင်းရော ကုတင်ပေါ်က ဂျယ်ယွန်း ရော ပြူးတူးတူးလေးတွေဖြစ်ကာ အိမ်ရှေ့စံ ကိုကြည့်နေကြသည် ။
“ တောင်းပန်ပါတယ် အိမ်ရှေ့စံ ... တခုခုထိခိုက်သွားသေးလားဗျ ”
“ ကိုယ်အဆင်ပြေပါတယ် ကလေးတွေဆိုတော့ အဆော့သန်တာပဲ ”
အခုနေ ဂျယ်ယွန်း ရဲ့ နှုတ်ခမ်းထူထူလေးက ဆူထွက်နေမှာ သေချာသည် ။ စောင်အပြာပါးပါးလေးကိုခြုံထားကာ ကုတင်ထက် လုံးလုံးလေးထိုင်နေတဲ့ ဂျယ်ယွန်း ကို အိမ်ရှေ့စံ မှာ အသည်းတယားယားဖြင့် ။
“ ဘယ်သွားမလို့လည်း မူရာ ”
“ လုပ်စရာရှိလို့လေ ထွက်သွားဆို အကိုပဲ ”
![](https://img.wattpad.com/cover/315203767-288-k761047.jpg)