𝗎𝗇𝗂𝖼𝗈𝖽𝖾
_ 𝖳𝗁𝗈𝗋𝗇𝗅𝖾𝗌𝗌 𝖱𝗈𝗌𝖾 _
🌹
နန်းတက်ပွဲမတိုင်ခင်ည ။
ဂျုံဆောင်း တစ်ယောက် ညနက်နေသည့်တိုင် အိပ်လို့မပျော်သေးတာမလို့ အဆောင်ရှေ့က ရေကန်လေးနံဘေးတွင် လာထိုင်နေမိသည် ။ ခပ်လှမ်းလှမ်းမှာတော့ သူ့ရဲ့ကိုယ်ရံတော်တွေအပြင် မင်းသားပတ် စေလွှတ်ထားတဲ့ ကိုယ်ရံတော်တွေလည်း အများအပြား ရှိနေသည် ။
ပြည့်ဝိုင်းနေတဲ့လမင်းကြီးကြောင့် ညသည် မီးအရောင်တို့မလိုအပ်စွာ လင်းထိန်လို့နေသည် ။ ရေကန်မှာ ထင်ဟပ်နေတဲ့ လရိပ်လေးသည်လည်း ချစ်စရာအတိ ။ ပတ်ဝန်းကျင်တစ်ခုလုံးက အေးချမ်းနေသလောက် ဂျုံဆောင်း ကတော့ မည်သည်ကို ပူပန်လို့ပူပန်မှန်းမသိ သက်ပြင်းကိုသာ ခဏခဏချနေမိသည် ။
" နန်းတက်ပွဲနေ့က ကိုယ့် မေမေ ဆုံးတဲ့နေ့လေ "
ဆိုသော ကြေကွဲဖွယ် ရင်ဖွင့်စကားကြောင့်လား ပြောင်းလဲနေတဲ့ မင်းသားပတ်ခ် ၏ မျက်လုံးအရောင်တို့ကြောင့်လား ဂျုံဆောင်း ကအဖြေရှာမရ ။
" ဂျုံဆောင်းနီး ... မအိပ်သေးဘူးလား "
" ဟင် ဂျယ်ယွန်း မိုးချုပ်နေပြီကို ဘယ်ကပြန်လာတာလည်း တစ်ယောက်ထဲလား "
" စိတ်မပူပါနဲ့ မနက်ဖြန် နန်းတက်ပွဲအတွက် လိုအပ်တာတွေ သွားသင်နေတာ "
" အင်းပါ ... "
ဒီကိုရောက်ထဲက အနီရောင်ဝတ်စုံတွေကိုသာ အများအားဖြင့် ရွေးဝတ်တဲ့ ဂျယ်ယွန်း က ယခုလည်း အနီဖျော့ဖျော့ဝတ်စုံလေးကို အဖြူရောင်အပေါ်ထည်လေးထပ်ခြုံလို့ထားသည် ။ မျက်နှာလေးအနည်းငယ် ချောင်ကျနေသော်လည်း ပျော်ရွှင်နေမှန်း သိသာစွာ မျက်လုံးဝိုင်းကလေးတွေက တောက်ပလျက် ။
" ငါ့ရဲ့ခွေးပေါက်လေးတောင် မင်္ဂလာဆောင်တော့မှာပဲ "
ညလေကြောင့် အနည်းငယ် ရှုပ်ပွနေတဲ့ ဂျယ်ယွန်း ဆံပင်လေးကို ရှင်းလင်းပေးရင်း ဂျုံဆောင်း ကဆိုသည် ။ ဒီကိုရောက်ထဲက သူတို့နှစ်ဦးသိပ်ပြီး မတွေ့ဖြစ်ကြတော့ပဲ ကိုယ်စီ ဆိုင်သူတွေနဲ့သာ အချိန်ကုန်နေကြသည်မလား ။