🌹 𝖼𝗁𝖺𝗉𝗍𝖾𝗋 𝗌𝖾𝗏𝖾𝗇

768 95 2
                                    


𝗎𝗇𝗂𝖼𝗈𝖽𝖾

_ 𝖳𝗁𝗈𝗋𝗇𝗅𝖾𝗌𝗌 𝖱𝗈𝗌𝖾 _

🌹

ညီလာခံကျင်းပနေစဉ်အတွင်း အိမ်ရှေ့စံ တစ်ယောက် ဂဏာမငြိမ်စွာ ဖင်တကြွကြွဖြစ်လို့နေသည် ။ အကြောင်းမှာ ဒီနေ့အတူ နေ့လည်စာ စားဖို့အတွက် နန်းဆောင်ဆီ လာခဲ့မယ် ဆိုသော ဂျယ်ယွန်း ၏စကားလေးကြောင့်ပေ ။ အခုဆို အချိန်က ၁၁ နာရီဝန်းကျင်လောက်ရှိနေပြီ ။ သူနောက်ကျနေလို့ သူ့ကလေးလေး ဗိုက်ဆာနေမှဖြင့် ။

“ ကဲ ဒါဆို ဒီနေ့ညီလာခံကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ ”

ဘုရင်၏ စကားဆုံးသည်နှင့် အိမ်ရှေ့စံက အရင်ဦးအောင် ခန်းမထဲမှ ထွက်ချသွားသည် ။ ကျန်ခဲ့တဲ့မှူးမတ်တွေနဲ့ဘုရင်ကတော့ ပြုံးစိစိရယ်သာ ။

ခြေလှမ်းကို တတ်နိုင်သမျှမြန်မြန် လှမ်းနေတဲ့ အိမ်ရှေ့စံ နောက် အထိန်းတော်အပျိုတော်တွေသည်လည်း မနည်းလိုက်နေရသည် ။

လာရာလမ်းတစ်လျှောက် နောက်ကျလို့ ဆူပူနေဦးမယ့် ကလေးလေး၏ ပုံရိပ်ကို မြင်ယောင်လာရင်း အိမ်ရှေ့စံ မျက်နှာထက် အပြုံးတို့က လှလှပပလေးနေရာယူထားသည် ။ သို့သော် နန်းဆောင်ရှေ့အရောက်မှာ ထိုအပြုံးတို့အား ဖျက်စီးပစ်လိုက်တဲ့ မြင်ကွင်းတစ်ခုက အိမ်ရှေ့စံ ကိုကြိုဆိုလျက် ။

မျက်လုံးဝိုင်းကလေးတွေ ပျောက်ကွယ်သည်အထိ ယိမ်းထိုးကာ ရီမောနေတဲ့ ဂျယ်ယွန်း နဲ့ ထိုပုံစံကို သေချာစိုက်ကြည့်နေသော ပတ်ဆောင်းဟွန်း ။ ဘာတွေပြောနေကြသလည်း ဟီဆွန်း မသိပေမယ့် ရင်ထဲမှာ ဗလောင်ဆူလာခဲ့သည် ။ ထိုအပြုံးတွေ သည် ဟီဆွန်း တစ်ဦးထဲရဲ့ အပိုင်လို့သာ သတ်မှတ်ထားသည်မို့ သူမဟုတ်တဲ့တခြားသူရှေ့ အထူးသဖြင့် ပတ်ဆောင်းဟွန်း ၏ရှေ့တွင် ပြုံးရယ်ခြင်းကို အလွန်မုန်းတီးပါသည် ။

“ မင်းသားပတ် က ရီစရာတွေတကယ် အများကြီးသိတာပဲ ဟိဟိ ကိုကို ဆို .. ”

“ ရှင်းမ်ဂျယ်ယွန်း !! ”

“ အ့ ကိုကို့ လက်နာတယ် လွှတ်ပါ ... ”

စကားပြောနေရင်းက ရုတ်တရပ်ကြီး ဂျယ်ယွန်း လက်ကောက်ဝတ်ကနေဆွဲကိုင်ကာ အိပ်ဆောင်ထဲ ဝင်လာတဲ့ ဟီဆွန်း က ဒေါသထွက်နေသယောင် ။ ပြင်းထန်တဲ့ ရနံ့တွေကလည်း ဂျယ်ယွန်း ထံသက်ရောက်နေတာမလို့ အိုမီဂါလေး သည် ဒူးတွေပင် မခိုင်ချင်လာတော့ပေ ။

𝖳𝗁𝗈𝗋𝗇𝗅𝖾𝗌𝗌 𝖱𝗈𝗌𝖾 ☑Where stories live. Discover now