(၁)

6.9K 116 7
                                    

💞 ဦး 💞....အပိုင်း (၁)

'ဒယ်ဒီ..မီး.. ဦးထွဋ်ကိုလိုချင်တယ်'

'ဘာ...ဘာပြောတယ်...ပြန်ပြောစမ်း..မိသွန်း'

'ဒယ်ဒီကြားတဲ့အတိုင်းပဲ...မီး...ဦး...ထွဋ်...ကို...လို...ချင်...တယ်..'

ယောင်လို့တောင်ဝင်မလာဘူးတဲ့သူ့အလုပ်ခန်းထဲရောက်လာတာ..ဒီစကားပြောဖ်ို့တဲ့လား...ပြီးတော့တောင်းဆိုလာတဲ့လူက...ကလေးတစ်ယောက်အဖေ...တစ်ခုလတ်လားမုဆိုးဖိုလား...အသေအချာမသိရတဲ့ လူ...ထိုလူ့သမီးက ဆိုးလိုက်တာမှ တာတေကိုလန်လို့...ဒါကို မိတဆိုးလေး...မိသွန်းက လိုချင်ပါသတဲ့...ကမ္ဘာကြီးတော့ပြောင်းပြန်လန်တော့မှာပဲ...စာရင်းတွေမကိုက်လို့ဦးဏှောက်ရှုပ်နေရတဲ့ကြားထဲအပူတစ်ခုကတိုးပြန်ပြီ...တပ်ထားတဲ့မျက်မှန်ကိုချွတ်လိုက်ကာ..ဘေးနားမှာတင်ထားလိုက်ပြီး...အရူးမလေးဘာစိတ်ကူးပေါက်ပြီးဒီစကားလာပြောတာလဲ မေးရအူံးမည်...မိူးလင်းကမိုးချုပ်အလုပ်ပုံထဲခေါင်းနစ်နေတာ..သမီးဆိုးလေးနဲ့ ခဏခေါင်းဆေးရအုံးမှာပေါ့...

'မိသွန်း...ငါ့သမီးအသက်ဘယ်လောက်ရှိပလဲ'

'၁၈နှစ်လေ ဒယ်ဒီရဲ့..ကိုယ့်သမီးအသက်တောင်မသိဘူးလား...အံ့ပါရဲ့'

ပီကေတဝါးဝါးနဲ့..သူ့အလုပ်ခန်းကိုလှည့်ပတ်ကြည့်ပြီး ဟိုစာအုပ်ဆွဲလှန် သည်စာအုပ်ဆွဲလှန်နဲ့.. အလုပ်ရှုပ်နေသူက..သူ့အသက်ကိုမသိလို့ ကောက်တော့မည်...ဝတ်ထားပုံကလည်း..ပေါင်ရင်းနားထိရှည်တဲ့ပန်းနုရောင် တီရှပ်အပွကြီးကို..အနက်ရောင်ဂျင်းသား.. zeroနဲ့ဝတ်ထားတာကြောင့်မသိရင်..ေဘာင်းဘီမဝတ်ထားသလိုလို..တစ်ကိုယ်လုံးမှာချီးကျူးစရာဆိုလို့.တင်ပါး​လောက်ထိရှည်တဲ့ ဆံပင်ခွေခွေတွေသာရှိတာ...အိမ်မှူကိစ္စဆိုတာဘာမှမသိ..ထမင်းဘယ်ကရ...ထမင်းအိုးထဲကရတာလောက်ပဲသိတဲ့သူက..၁၈နှစ်ပဲရှ်ိသေး...ယောကျားလိုချင်သတဲ့...လိုချင်တဲ့ယောကျားကျတော့..တကယ့်greatကိုမှလိုချင်နေတာ...ဦးထွဋ်ခေါင်ထွန်းအကြောင်း သိရဲ့သားနဲ့...ဘာလို့ ဒီလူကိုလိုချင်နေတာလဲမတွေးတတ်တော့..
.....ဟင်းးးး...ဒီသမီးနဲ့တော့ခက်တယ်...မိန်းမကတစ်ယောက်ထဲမွေးခဲ့လ်ို့သာပင်..ဒီလ်ိုသမီးမျိုး၂ယောက်သာဆို သူပုဆိုးတောင်ကပ်ပါ့မလားမသိ။

~~ဦး~~(Completed)Where stories live. Discover now