ခါးး (Side Story 1)

1.4K 26 1
                                    

၂၀၂၀ အတာသင်္ကြန်

===============

🎼မြူးကြွတဲ့တေးသံ...ပျံ့လွင့်လို့နေ...ကူးပြောင်းစတန်ခူးလေမှာ...တစ်ယောက်တစ်လှည့်မို့လှမ်းကာဖျန်းပက်ကြစဥ်...ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ..ခေါင်းလေးမော့လို့..ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ....🎼

ခခ မနက်စောစောထရေချိုးခေါင်းလျှော်ပြီး သနပ်ခါးသွေးနေစဥ် ဖုန်းသံမြည်လာသည်။သ

ကြ်န်ကျပြီမလို့ ဖုန်းringtoneကို သကြ်န်သီချင်းပြောင်းတတ်တာ ခခအကျင့်။

'ဟယ်လို...ချစ်ရစွာသော ခခရဲ့အသည်းတုန်းမေမေရေ'

'ဘာအသဲတုန်းလည်း..အသဲတုန်းဆိုမေမေ့ကိုအခုလိုထားခဲ့မှာမဟုတ်ဘူး'

'တာဝန်အရမလို့ပါမေမေရာ..မေမေ့သမီးလေးက နိုင်ငံ့ဝန်ထမ်းလေမေမေရဲ့'

'တော်ပါ...ပြိုင်မပြောတော့ဘူး..အခုဘာလုပ်နေလဲ'

'ရေချိုးခေါင်းလျှော်ပြီး သနပ်ခါးသွေးနေတာ'

'ခေါင်းပြောင်အောင်သုတ်နော်'

'ဟုတ်'

'ဒီနေ့ရော အကတိုက်ရအုံးမှာလား'

'ဟုတ်မေ..တိုက်ရမှာ..'

'မနက်စာတော့စားသွားနော်'

'ဟုတ်မေ..ကလေးတွေမနက်စာလာပို့ထားကြတယ်..မုန့်လုံးရေပေါ်တွေရော..ရွှေရင်အေးတွေရော..မေနဲ့ဖေရောဘုန်းကြီးကျောင်းသွားမှာလား'

'အင်းးး..သွားမှာ...ဦးခွန်းစစ်တို့ ရှိုးထုတ်နေတာမပြီးသေးလို့စောင့်နေတာ..အသက်ကဖြင့်၅၀ ကျော်ပြီ..သူကရှိုးများတုန်း..မပြောလိုက်ချင်ဘူး '

'ခ်ခ်..ဖေကအသက်၅၀ပေမယ့်နုပါသေးတယ်မေရဲ့'

'ဟုတ်ပါတယ်..သူတိူ့က ကလေးမမွေးရတော့နုနိုင်တာပေါ့..မေ့မှာသာကလေး၄ယောက်မွေးပြီးလူကအိုစာနေတာ..၄ယောက်မွေးထားတယ်သာပြောတာ..အနားမှာတစ်ယောက်မှမရှိ..ရင်နာစရာကောင်းလိုက်တာ'

'မေကလည်း..ခခ အကြတ်နေ့ပြန်လာမှာလို့..နော်..ပြီးတော့လေ...လောကကြီးမှာ.ခခနေမင်းရဲ့မာမီမားသားမာမားမေမေဒေါ်စိမ်းရွက်ဖူးကအချောဆုံးသိလား..'

~~ဦး~~(Completed)Where stories live. Discover now