💞 ဦး 💞...အပိုင်း (၄)
သွန်းက ဘာကိုမြင်လိုက်လို့အခုလောက်ထိကြောက်သွားခဲ့တာလဲသိချင်လို့...အန်ကယ့်က်ိုအားနာနာနဲ့ပဲဖုန်းဆက်ခေါ်ရသည်...အန်ကယ်က စိတ်ပူပြီးချက်ချင်းရောက်လာကာ သွန်းနားကတစ်ဖဝါးမှမခွာဘဲ..သူ ပြောပြတာတွေက်ိုနားထောင်ပေးနေခဲ့သည်။
'သွန်း ဘာကိုလန့်သွားလဲကျွန်တော်တကယ်မသိတာ အန်ကယ်...အန်ကယ်သိရင်ပြောပြပေးပါ..ကျွန်တော်ဆင်ခြင်တတ်အောင်လို့ပါ'
'သမီးက ငယ်ငယ်ကတည်းကရေကြောက်တယ် မောင်ထွဋ်...ရေကြောက်လွန်းလို့ ရေလည်းမကူးတတ်သလို ကမိးခြေဆိုလည်းဘယ်တော့မှမသွားဘူးးး..ရေကိုဘယ်လောက်တောင်ကြောက်လဲဆိုရင် bathtub ထဲတောင်ရေဝင်မစိမ်ဘူး..မောင်ထွဋ်သတ်ိထားမိလားတော့မသိဘူး..အန်ကယ့်အိမ်မှာရေကူးကန်မရှိသလို...ရေချိုးခန်းတိုင်းမှာလည်း bathtub မရှိဘူး..အဲ့ဒါသမီးကြောင့်..သူငယ်ငယ်ကတော့ခဏခဏပြောတယ်...ကိုကိုမကောင်းဘူး..ကလေးကိုထားခဲ့တယ်တဲ့...နောက်ပိုင်းနည်းနည်းကြီးလာတော့အဲ့အကြောင်းကိုမပြောတော့ဘူး...မေ့သွားပြီထင်နေတာ..တစ်နေ့...သမီးမရှ်ိတူန်းသမီးအခန်းထဲဝင်ကြည့်တော့..သမီးရဲ့ဆွဲလက်စပန်းချီကိုကြည့်ပြီး အန်ကယ်သမီးဘာလို့ရေကြောက်တာလဲဆိုတာသိသွားခဲ့တာ'
'အဲ့ဒီပန်းချီ ကျွန်တော်ကြည့်လို့ရလားအန်ကယ်'
'ရတာပေါ့..အန်ကယ်ဓာတ်ပုံရိုက်ထားတယ် ကြည့်လိုက်'
အန်ကယ်ပြတဲ့ပုံကိုသူယူကြည့်လိုက်တော့..ပထမပုံမှာ ကောင်လေးတစ်ယောက်နဲ့ကလေးမလေးတစ်ယောက်လက်တွဲပီးကမ်းခြေမှာလမ်းလျှောက်နေတဲ့ပုံ။
နောက်တစ်ပုံက ကလေးမလေးရော ကောင်လေးရော ကမ်းခြေနားမှာမရှိတော့ဘဲ..လှိုင်းလုံးဖြူဖြူတွေတက်လာတဲ့ပုံ...ပုံက်ိုအနီးကပ်စွဲကြည့်တော့မှ လှိုင်းလုံးတွေကြားထဲမှာပေါ်နေတဲ့လက်ကလေးတစ်ဖက်...
(မှတ်မိနေခဲ့တာ.ကလေးကမှတ်မိနေခဲ့တာပဲ...ဒါဆိုသူ့ကိုလက်ထပ်ချင်တယ်လို့ပြောတာက...သူ့ကို ကလေးကမှတ်မိနေခဲ့တာပေါ့.ကလေးကသူ့စီရောက်အောင်ပြန်လာခဲ့တာပဲ)