ဦးက ခခရင်ဖုံးအကျီက ဘောက်စေ့လေးတွေကိုသေချာပြန်တပ်ပေးနေတော့ ခခရှက်လို့ခေါင်းလေးငုံ့ထားရင်း ကပိုကရိုဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်နေမိသည်။'နာနေသေးလား..ရေနွေးဝတ်ကပ်ပေးရမလား'
'ရ...ရပါတယ်..'
ရှက်ပါတယ်ဆို..ရေနွေးဝတ်ကပ်ပေးအုံးမတဲ့။ခခရဲ့ဦးက သိပ်မလည်ပါဘူး။
ဦးက ခခနဖူးကိုနမ်းလိုက်ပြီးနောက် ကုတင်ပေါ်ကဆင်းသွားပြီး မှန်တင်ခုံအံဆွဲထဲက ယွန်းသေတ္တာလေးယူပြီးကုတင်ပေါ်ပြန်တက်လာသည်။'ဦးး..အဲ..ဟုတ်ပါဘူး..မောင်...အဲ့ဒါဘာလေးလဲ'
ခခက မှားခေါ်မိလို့ ပါးစပ်ကိုလက်နဲ့အုပ်ကာထားမိတော့ ဦးက ပြုံးပြလာသည်။
'ခါးအဆင်ပြေသလိုပဲခေါ်တော့..မောင်နားလည်တယ်'
'တကယ်နော်.. ဦးလို့ပဲခေါ်ချင်တယ်...'
'အင်းး...မောင်က ဦးအရွယ်ဖြစ်နေပြီဆိုတော့..'
'ဟာ...အဲ့လိုပြောပါနဲ့...ခခ ငယ်ငယ်ကတည်းက အိပ်မက်ထဲမှာဦးကို အမြဲတွေ့ခဲ့ရလို့ စိတ်ကစွဲနေလို့ပါ..နော်...ဦး....ဦးကအသက်ကြီးလို့ ဦးလို့ခေါ်တာမဟုတ်ဘူးလေနော်...'
'ဦးဖြစ်ဖြစ်မောင်ဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး..ခခနေမင်းဆိုတဲ့ဆရာမလေးက မောင့်ရဲ့တစ်ချိန်တုန်းကခါးဆိုတာသေချာအတည်ပြုလိုက်ပြီမလို့ ရပြီ'
'ဟင်!...ဦးကဘာနဲ့အတည်ပြုလိုက်တာလဲဟင်'
'အဟွန်းးး..လက်ထပ်ပြီးရင်ပြောပြမယ်..ဟိူဘက်လှည့်...ဆံပင်စည်းပေးမယ်...'
ဦးက ယွန်းသေတ္တာလေးကိုဖွင့်လိုက်တော့ အထဲမှာHandmadeခေါင်းစည်းကွင်းလှလှလေးတွေ။
'ဦးး...လှလိုက်တာ... ဘယ်တုန်းကဝယ်ထားတာလဲ'
'ခါးကိိုယ်တိုင်လုပ်ခဲ့တာလေးတွေလေ..'
'ဟင်!....ဦးကခုထိသိမ်းထားသေးတယ်'
ထိုစဥ် ဦးက ကလစ်လေးတစ်ခုကို ခခရဲ့ခေါင်းမှာပန်ပေးလာပြီးး
'ဒီကလစ်ကလေးက ခါးနဲ့မောင်ကားပေါ်မှာ စ တွေ့ကြတုန်းက ကားပေါ်မှာကျန်ခဲ့တာလေ.'