*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်

6.6K 1.2K 21
                                    

ရုန်ယိခန္ဓာကိုယ်ထွက်လာတာတွေ့လိုက်တာနဲ့ ရန်ချိုးရွှမ်က ယင်ထောင်ကို အမြန်ချီကာ ပြောလိုက်သည်။
"ချယ်ရီသီးလေး.. ဖေဖေက နေမကောင်းတော့ စိတ်မကြည်လို့ပါကွယ်.. ဒါကြောင့် မင်းကို အော်လိုက်တာပါ.. သူနေပြန်ကောင်းသွားရင် အရင်လိုဘဲ မင်းနဲ့အတူတူ ပြန်ပြီးကစားပေးမှာပါ ဟုတ်ပြီလား"

သူမ ဒါတွေကိုပြောတာ ယင်ထောင်ကို ချော့ပြီးနှစ်သိမ့်ဖို့သာဖြစ်သည်။ တစ်ကယ်တမ်းတော့ သူမလည်းသိပါသည်။ ရုန်ယိသာ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပြီဆိုရင် သူမသားက အရင်ကလို ယင်ထောင်နဲ့အတူဆော့ကစားပေးဖို့.. ထူးထူးဆန်းဆန်းကစားစရာလေးတွေပြုလုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့..။

ယင်ထောင်က ခေါင်းလေးအသာငြိမ့်ပြလာပေမဲ့ သူ့ဖေဖေအော်ဟစ်တာ ခံလိုက်ရတာကြောင့်တော့ ဝမ်းနည်းနေတုန်းဖြစ်လေသည်။

ကျန်းမုက ယင်စန်စန်ကို ချီပြီး သူ့နားကို ပျံသန်းလာ၏။

ယင်စန်စန်က ယင်ထောင်ရဲ့လက်လေးကိုလာဆွဲကာ ပြောလာသည်။
"သွား.."

ယင်ကျင်းရဲ့က ရန်ချိုးရွှမ်ကို ပြောလိုက်သည်။
"ထောင်အာကို စန်စန်နဲ့ သွားဆော့ခိုင်းလိုက်ပါ"

ရန်ချိုးရွှမ်လည်း ကလေးကို မြေပြင်ပေါ်ချပေးလိုက်သည်။

ယင်စန်စန်တို့လည်း ယင်ထောင်နဲ့အတူ ခြံဝန်းထဲကနေ ထွက်သွား​ြကသည်။

ရန်ချိုးရွှမ်က ရုန်ယိခန္ဓာကိုယ်ကို လှမ်းကြည့်ကာ မေးလာ၏။
"မင်းက တစ်ကယ်ဘဲ ရှောင်ယိရဲ့ ခန္ဓာကိုယ်လား"

ရုန်ယိခန္ဓာကိုယ်က ခေါင်းငြိမ့်လိုက်ပြီး
"ကျွန်တော့်ကိုယ်ထဲမှာက ဝိညာဥ်တစ်ခုနဲ့ စိတ်ဝိညာဥ်တစ်ခုဘဲရှိတာ.. ကျန်တဲ့ဝိညာဥ်နှစ်ခုနဲ့ စိတ်ဝိညာဥ်ခြောက်ခုက ရုန်ယိကိုယ်ထဲမှာပါ"

ရန်ချိုးရွှမ်မှာ မယုံကြည်နိုင်စွာနဲ့ ရေရွတ်ပြောဆိုလာ၏။
"ဝိညာဥ်တစ်ခု စိတ်ဝိညာဥ်တစ်ခုတည်းနဲ့ မင်းဘယ်လိုများ သာမန်လူတစ်ယောက်လို ပြောဆိုနေထိုင်နိုင်နေရတာလဲ"

"ဘာတွေဖြစ်နေမှန်း ကျွန်တော်တို့လည်း သေချာမသိသေးပေမဲ့ အခုအရေးကြီးဆုံးက ရုန်ယိကိုယ်ထဲက ကျွန်တော့် ဝိညာဥ်နဲ့စိတ်ဝိညာဥ်တွေကို ထုတ်ပြီး ကျွန်တော့်ကိုယ်ထဲပြန်ထည့်နိုင်ဖို့ဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now