*179* နောင်တမရှိဘဲသေနိုင်ပြီ

6.7K 1.2K 51
                                    

ယင်ကျင်းရဲ့က အကြီးအကဲတွေကို အဆိပ်ခတ်ခဲ့တယ်ဆိုတာက သူတို့ရဲ့ မှန်းဆချက်သက်သက်သာဖြစ်ပြီး နောက်ကွယ်ကလူက သူပါလို့ သက်သေပြစရာတစ်ခုမှ သူတို့မှာ ရှိမနေပေ။ ပဉ္စမအကြီးအကဲမှာ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး ယင်သခင်မကြီးကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့..။
"သခင်မကြီး.. ကျုပ်က..."

ဒုတိယအကြီးအကဲက ပဉ္စမအကြီးအကဲအတွက် ဝင်ပြောပေးလာသည်။
"ပဉ္စမအကြီးအကဲက အရမ်းဝမ်းနည်းနေလွန်းလို့ သခင်လေးအပေါ် အပြစ်တင်မိသွားတာပါ.. သခင်လေး စိတ်မရှိဖို့ မျှော်လင့်ပါတယ်ဗျာ"

ယင်သခင်မကြီး -
"ဟမ့်..  ရှင်တို့ခံစားနေရတာ ကျွန်မနားလည်တယ်.. ကျွန်မလည်း သူတို့ဆုံးပါးသွားမှုအတွက် စိတ်နှလုံးကြေကွဲရပါတယ်.. ဒါပေမယ့် ဘာသက်သေမှ မရှိဘဲနဲ့တော့ ကျွန်မသားကို ရှင်တို့ စွပ်စွဲလို့မရဘူးလေ"

လေထုအခြေအနေက အနည်းငယ်တင်းမာလာတာကို တွေ့လိုက်ရတာကြောင့်  အကြီးအကဲဆယ့်ခြောက်က အေးစက်နေတဲ့လေထုကို ချိုးဖျက်ဖို့ ကြိုးစားလိုက်သည်။
"သခင်မကြီး.. ကျုပ်တို့ ဘယ်လောက်ဘဲ ဝမ်းနည်းပါတယ်ဆိုဆို သူတို့မိသားစုတွေနဲ့တော့ ဘယ်ယှဥ်နိုင်ပါ့မလဲဗျာ... အကြီးအကဲနှစ်ယောက်ရဲ့အိမ်ကိုသွားပြီး သူတို့မိသားစုတွေကို နှစ်သိမ့်ပေးဖို့ ကျုပ်ကတော့ အကြံပြုချင်တယ်"

ယင်သခင်မကြီးက ခေါင်းငြိမ့်လိုက်သည်။
"အင်း.. ကျွန်မလည်း ထောက်ခံတယ်.. အိမ်တော်ထိန်းကို ပြင်ဆင်ထားဖို့ ပြောလိုက်မယ်"

"ကျုပ် စိတ်ကို တည်ငြိမ်အောင်လုပ်ဖို့ လိုနေပြီ"
ပဉ္စမအကြီးအကဲက ခန်းမထဲကနေ လှည့်ထွက်သွားသည်။

ဒုတိယအကြီးအကဲ.. တတိယအကြီးအကဲနဲ့ အဌမအကြီးအကဲတို့လည်း သူ့နောက်ကလိုက်ကာ ထွက်သွားကြတော့သည်။

အကြီးအကဲဆယ့်ငါးက သူတို့ကို တစ်ချက်ကြည့်ကာ အကြီးအကဲဆယ့်ခြောက်ကို  အသံပို့လွှတ်ကာ ပြောလိုက်သည်။
"ယင်မိသားစုထဲမှာတော့ အေးချမ်းတဲ့နေ့ရက်တွေ ထပ်မရှိနိုင်တော့ဘူး"

အကြီးအကဲဆယ့်ခြောက်က တိတ်တဆိတ်သာ ပြန်ပြောလိုက်သည်။
"သခင်လေးက ရုန်ယိအတွက် ကျိုရွှီဂိုဏ်းကို တိုက်ခိုက်လိုက်တဲ့အချိန်ကစပြီး ယင်မိသားစုရဲ့ ငြိမ်းချမ်းရေးက ပျက်စီးသွားခဲ့ပြီ..  အကယ်၍ သခင်ကြီးသာ ထွက်မလာဘူးဆိုရင် ယင်မိသားစုက အနှေးနဲ့အမြန် သခင်လေးလက်ထဲကို ရောက်သွားမှာဘဲ.. ကျုပ်တို့ ဘယ်လိုရွေးချယ်မှုလုပ်မလဲဆိုတာ သေသေချာချာလေး တွေးတောရတော့မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now