[Unicode]
ဟန်းနဲ့ဆွေးနွေးခဲ့တာတွေကို ပြန်တွေးနေမိတယ်။ အိမ်ရှေ့စံကိုယ်တိုင်ရောက်လာတယ်ဆိုတာနဲ့ မဟာမိတ်ဖွဲ့ဖို့တန်းသဘောတူတာပင်။ ဒါမဲ့ ဟန်းတိုင်ပြည်ရဲ့မင်းသမီးကိုဆက်သတာကိုတော့ လက်ခံခဲ့ရသည်။ ထိုအကြောင်းကို သူမလေးသိရင် စိတ်များဆိုးလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်ရသူ မိဖုရားဟာ မင်းတစ်ယောက်တည်းပါအချစ်ရယ်။
အတွေးတွေကိုနယ်ချဲ့ရင်းမှ တစ်နယ်တကြီးမှာ ကျန်နေခဲ့တဲ့သူမလေးဆီ အတွေးတွေအားလုံးရောက်သွားတယ်။ သူမလေးအဆင်မှပြေရဲ့လား။ ကိုယ့်စိတ်အတိုင်းဆို ချက်ချင်းပြန်လိုက်မှာပင်မဲ့ ဟန်းတိုင်းပြည်က ဧည့်ဝတ်ကျေချင်သည်ဆိုသောကြောင့် ဆက်လက်နေနေရခြင်းပင်။ လွမ်းလိုက်တာယောင်းရယ်~
ခွမ်း💥
သူမအကြောင်းတွေးနေတုန်း လက်ထဲမှာကိုင်ထားတဲ့ ရေနွေးကြမ်းခွက်လေးကလွတ်ကျသွားတယ်။ စိတ်ထဲလည်းလေးလံလာတယ်။
"အရှင့်သား"
အလောတကြီးပြေးဝင်လာတဲ့ ဂိုလေး-
"ဘာကိစ္စရှိလို့လည်း ဂိုလေး"
"မိဖုရားကြီးဆီက စာသဝဏ်လွှာရောက်လာပါတယ်အရှင့်သား"
ချက်ချင်းစာကိုဖတ်ကြည့်မိတော့ ရင်တစ်ခုလုံး ဆွဲဆုတ်ခံလိုက်ရသလို။ သူမလေး အဆိပ်မိတယ်တဲ့။ ဒီနေ့မှသတိမရသေးရင်သတိမရတာ ၅ရက်လောက်ရှိပြီ....
စိုးရိမ်စိတ်နဲ့အတူ ဘာကိုမှခေါင်းထဲမဝင်နိုင်တော့-
"ဂိုလေး ချက်ချင်းပြန်ဖို့ပြင်။ ဟန်းတိုင်းပြည်က မင်းကြီးကိုအကြောင်းကြားလိုက်ပါ"
"Nae အရှင့်သား"
တောင့်ခံထားပေးပါယောင်း။ ကိုယ့်ဆီကနေထွက်မသွားပါနဲ့ ......
ခွင့်မလွှတ်ဘူး။ ယောင်းကိုထိခိုက်စေသူကို ရေဆုံးမြေဆုံးရှာပြီး ကိုယ်တော်အပြစ်ပေးမယ်။ အဲ့တာကြောင့် ယောင်းသာကိုယ့်ဆီကထွက်မသွားပါနဲ့ အချစ်ရယ်~~
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
မြူခိုးတွေဆိုင်းနေလို့ ဘေးပတ်ဝန်းကျင်ကိုမမြင်ရပေ။ လွင့်ပျံ့လာတဲ့လေကနေ ရလိုက်တဲ့ သင်းရနံ့လေး။
ВЫ ЧИТАЕТЕ
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)