🔸15🔸

256 27 2
                                        

(Unicode)

ဒုတ်
အလည်မှအနီမှတ်လေးဆီ စိုက်သွားသော မြှားတံတစ်ခု~

"👏👏👏 အရှင်က အရမ်းတော်တာပဲ"

"ယောင်းလည်းပစ်လေ။ ဒီလိုလုပ် ယောင်းနဲ့ကိုယ်တော်နဲ့ ပြိုင်ပစ်ကြမလား"

"အရှင်မတရားဘူး အရှင်က ဒီလောက်တော်တဲ့ဟာ"

ထိုအခါ အားရပါးရအော်ရယ်နေသောအရှင့်ကို ကျွန်မအမိအရကြည့်နေမိလိုက်သေးတယ်။

"ယောင်းမြှားပစ်တော်တာ ကိုယ်တော်စစ်သူကြီးဆီကနေ သိပြီးပါပြီနော်"

"ဒါမဲ့ အရှင့်ကိုတော့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ"

ကျွန်မက အရိပ်ခေါင်ဆောင်ဆိုပင်မဲ့ ဓါးရေးသာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တာ မြှားကျ အရှင့်လို့ အလည်မှတ်ရဲ့ အလည်တည့်တည့်ရောက်အောင်မပစ်နိုင်ခဲ့ဖူးပေ။ မြှားထက်ဓားကိုပိုအလေးပေးလေ့ကျင့်ခဲ့တာကြောင့်လည်းပါပေမည်။

"ဒါဆို ကိုယ်တော်သင်ပေးမယ်လေ"

ဆိုပြီး အရှင့်က ကျွန်မနောက်မှကပ်ရပ်တယ်။ မြှားကိုင်ထားတဲ့ ကျွန်မရဲ့လက်တွေပေါ် အရှင့်ရဲ့လက်ဖဝါးအကြီးကြီးတွေက အုပ်ကိုင်လာတယ်။

"ယောင်းရဲ့ပစ်မှတ်ကို အာရုံစိုက်ထား။ ပစ်မှတ်တစ်ခုထဲကိုပဲ အကြည့်ပို့ထား။ မကြောက်ပဲနဲ့ စိတ်ကိုတည်ငြိမ်အောင်ထား။ ကိုယ့်ကိုကိုယ်ယုံကြည်မှုထား။ ယောင်းအလယ်ကိုမှန်အောင်ပစ်နိုင်တယ်"

ဒုတ်
အရှင့်အပြောအဆုံး ပြေးထွက်သွားသောမြှားတံ။ ထိမှန်သွားသည်မှာ အနီမှတ်ရဲ့အလယ်သို့_

"အိုမို အလည်ကိုထိသွားပြီ"

ကျွန်မအမှန်ကိုပျော်သွားတာပင်။ အရှင့်ကတော့ ကျွန်မကို ပြုံးပြုံးကြီးကြည့်နေတယ်။

"ဒီတစ်ခါ ယောင်းပါယောင်းပစ်ကြည့်မယ်"

"အွန်း"

ကျွန်မမြှားကိုလှမ်းချိန်နေရင်းမှ ရပ်လိုက်ပြီး အရှင့်ကိုလှမ်းကြည့်လိုက်တယ်။

"အရှင်~  ယောင်းအလယ်ကို ပစ်နိုင်မယ်လို့ အရှင်ထင်လား"

ထိုအခါအရှင်က ပါးချိုင့်ရေးရေးလေးပေါ်သည်အထိကျွန်မကိုပြုံးပြတယ်။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Where stories live. Discover now