Unicode
စစ်သူကြီးဂင်ဦးဆောင်တဲ့ ပင်မတပ်ဖွဲ့ဟာ ဟန်းတိုင်းပြည်တပ်ဖွဲ့နဲ့ စစ်ပွဲစတင်နေပြီမို့ နယ်စပ်ကပြည်သူတွေကိုဘေးလွတ်ရာရွေ့ပြောင်းနေရသည်။ ဒါ့ကြောင့် ကျွန်မနဲ့အရိပ်တပ်ဖွဲ့ဟာ ပြည်သူတွေကို ကူညီပေးနေရတယ်။ အနောက်မှာအရိပ်တစ်ခုသဖွယ်နေနေရတဲ့ သူတွေဟာ အများရှေ့မှာ စိတ်ရင်းအပြည့်နဲ့ကူညီနေတာမြင်ရတော့ ကျွန်မပီတိဖြစ်မိပါသည်။
"ကိုယ်တကယ်သိချင်ခဲ့တာ။ အချစ်က ဘာလို့ အဖွဲ့ကိုအရိပ်လို့ခေါ်တွင်စေခဲ့တာလဲ"
"အချို့လူတွေက အရိပ်ကို အလေးမထားသလို အရေးမပါဘူးလို့ထင်နေကြတာ။ ဒါပင်မဲ့အဲ့အရိပ်က သူတို့နောက်အမြဲလိုက်နေတာကိုသတိမထားမိကြဘူးလေ။ သူတို့ကောင်းတာလုပ်သည်ဖြစ်စေဆိုးတာလုပ်သိဖြစ်စေ ဘယ်သူမှမသိတောင် သူတို့ရဲ့အရိပ်ကသိနေတယ်လေ။ အရေးမပါဘူးဆိုတဲ့အရာဟာ သူတို့ရဲ့လုပ်ရပ်တိုင်းကိုသိနေခဲ့တယ်။ ဒါပင်မဲ့ဘာမှမလုပ်နိုင်ပါဘူးလို့အထင်သေးထားကြတာ။ ပုရွက်ဆိတ်တွေပေါင်းပြီး မြွေကိုပြန်ကိုက်နိုင်တယ်ဆိုတာ သူတို့သိထားသင့်တယ်။(အဲ့စကားကကုလားကားတစ်ပုဒ်ထဲမှာဂျေဟီးတွေ့ဖူးတာရယ်😅) ပုရွက်ဆိတ်ကလေးလိုအလွယ်လေးဖိခြေလို့ရတယ်လို့သူတို့ထင်ထားတဲ့ သူတွေကို ဖွဲ့ထားတာမို့ အရိပ်လို့အမည်ပေးပြီး ယောင်းကိုယ်တိုင်လေကျင့်ပေးထားတာလေ"
"အချစ်အနား အရိပ်တပ်ဖွဲ့ရှိနေရင် ကိုယ်စိတ်ချပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို လည်းသေချာလေ့လာပြီးပြီ။ အမြဲမှတ်ထားရမှာက အချစ်ဘေးကင်းဖို့က အရေးကြီးဆုံးပဲ"
"ယောင်းသိပါပြီ။ ညီလာခံနောက်ကျတော့မယ်မောင်တော်ရဲ့"
"အွန်း။ ကိုယ်ကောင်းကောင်း တိုက်ပွဲဝင်နိုင်အောင်လို့ ..... "
ဆိုပြီးပါးလေးတစ်ဖက်ဖောင်းပေးလာတဲ့ မောင်တော်ကို ကျွန်မချစ်မဝပါလေ ...
"*မွ ရပြီလား။ ဂရုစိုက်နော်မောင်တော်"
"အွန်း"
ထွက်သွားတဲ့ကျောပြင်ကျယ်ကိုကြည့်ရင်း ကျွန်မစိုးရိမ်မိတာတော့ မလိမ်ညာလိုပါ။ စစ်ပွဲကိုအကြောင်းပြကာ အမတ်ချုပ်ကြီးတို့ ဘာတွေကြံစည်နေလဲဆိုတာ မသိနိုင်ဘူးမလား။
ВЫ ЧИТАЕТЕ
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)