🔹14🔹

299 30 2
                                        

[Unicode]


မနက်ခင်း အာရုဏ်လင်းမှာ ဆူညံနေသည့်ဒီနေရာ။ အမတ်တွေအားလုံး စုံလင်စွာ ရောက်နေပြီဖြစ်သော်ငြား ရာဇပလ္လင်ထက်မှ ရှင်ဘုရင်ကြွရောက်မလာသေးတာကြောင့် တစ်ပေါက်စနှစ်ပေါက်စ ဆူညံသံတွေထွက်ပေါ်လို့လာနေတယ်။

"မင်းကြီးကြွချီတော်မူလာပြီ"

ကျယ်လောင်သောအသံအဆုံး နဂါးဝတ်ရုံအနီရောင်ကို ဆင်မြန်လျှက်ကြွချီလာသော မင်းကြီး၏တည်ကြည်တဲ့မျက်နှာထားကြောင့် ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားပြီး မင်းကြီးအား ဒူးထောက်ကာ ဂါရဝပြုကြသည်။

ညီလာခံစတင်တာနဲ့ အသီးသီးလျှောက်တင်စရာများကို စတင်လျှောက်တင်ကြသည်။

"မင်းကြီး စစ်သူကြီးဂင်ရောက်ပါပြီ"

"ကောင်းပြီ။ ညီလာခံကိုလွှတ်လိုက်"

အဓိပ္ပါယ်ပါတဲ့ အပြုံးတစ်ခုကို ဖန်ဆင်းရင်း အမိန့်ပေးလိုက်တယ်။

စစ်သူကြီးဂင်ယောင်းဟွန်းသည် မင်းကြီးနန်းမတက်ခင်ကပင် အနားယူလိုက်သည်မို့ မင်းကြီးနန်းတက်သည်နှင့် စစ်သူကြီးဂင်ယောင်းဟွန်း၏သားဖြစ်သူ တပ်မှူးဂင်ဆော့ဂျင်မှ စစ်သူကြီးရာထူးတိုးလာပေသည်။ ထိုသူသည် မိဖုရားခေါင်ဂင်၏ အကိုတော်ဖြစ်သည်မို့ ဘုရင့်ယောက်ဖတော်ဖြစ်သည်။

စစ်သူကြီးဂင်သည် တည်ကြည်သောမျက်နှာထားနှင့် ညီလာခံသို့ဝင်ရောက်လာသည်။ ရက်အတော်ကြာ ညီလာခံမတက်ရောက်ထားသူမို့ အမတ်များကြား အပြစ်တင်ချင်စိတ်များ များနေခဲ့သည်။ သို့သော် ထိုသူတို့သည် မည်သည့်စကားမှမဆိုနိုင်။

စစ်သူကြီးဂင်၏ပုံပန်းသဏ္ဍာန်သည် ယခုမှ ခရီးကပြန်ရောက်သည့်ပုံပေါက်နေပြီး မင်းကြီးအားဂါရဝပြုပြီးသည်နှင့် ညီလာခံသို့တပ်သားအချို့ဝင်လာသည်။ ထိုတပ်သားအချို့ခေါ်ဆောင်လာသောလူများကြောင့် အမတ်ချုပ်၏လူများ ချွေစေးပြန်လာရသည်။

"အရှင်မင်းကြီးမိန့်ဆိုသည့် တာဝန်ကို ကျွန်တော်မျိုးကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးပါပြီ"

"ဆက်လက်လျှောက်တင်ပါ"

ပြတ်သားတဲ့အသံကြောင့် တပ်သားများခေါ်ဆောင်လာသည့် အကျဥ်းသားများ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများတိုးပွားလာရသည်။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Место, где живут истории. Откройте их для себя