*180* အထောက်အထားတစ်ခု

6.7K 1.2K 80
                                    

ရုန်ယိမှာ ဘယ်လိုချစ်မြတ်နိုးမှု အရိပ်အယောင်မှ မတွေ့ရတဲ့ လူရဲ့ နောက်ကျောကို ကြည့်နေရင်း ရင်ထဲမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။

ရုန်ယိခန္ဓာကိုယ်ကတော့ နှုတ်ခမ်းလေးတွေ ကွေးညွှတ်နေရင်း မပြီးသေးတဲ့ဆန်ပြုတ်ကို ဆက်သောက်နေ​ေလသည်။

ရုန်ယိက သူ့ခန္ဓာကိုယ်ကိုကြည့်ကာ မကျေမနပ်ပြောလိုက်သည်။
"မင်းက ဘာရယ်နေတာလဲ"

"ငါရယ်လိုက်လို့လား"
ရုနယိခန္ဓာကိုယ်က သူ့နှုတ်ခမ်းထောင့်လေး သူထိကြည့်လိုက်ပြီး
"ငါတစ်ကယ်ကြီး ရယ်လိုက်မိတာဘဲ.."

သူက ပျော်မြူးစွာ ဆန်ပြုတ်နောက်တစ်ဇွန်းစားရင်းနဲ့ မနေနိုင်ဘဲ ရယ်လိုက်မိပြန်သည်။ မျက်နှာအမူအယာက  ဖူးပွင့်နေသည့် မက်မွန်ပန်းတစ်ပွင့်နှယ်..။

ရုန်ယိရဲ့ မကြည်မသာဖြစ်နေတဲ့ စိတ်ကလေးမှာ ဒါကိုတွေ့တဲ့အခါ ပိုဆိုးလာတော့သည်။ သူ့ခန္ဓာကိုယ်နဲ့ ယင်ကျင်းရဲ့တို့ မနေ့ညက အညှီအဟောက်ကိစ္စတစ်ခုခု လုပ်ခဲ့ရလိမ့်မယ်လို့ သူခံစားနေရ၏။

"မင်းတော်တော် ပျော်နေတဲ့ပုံဘဲနော်"

ရုန်ယိခန္ဓာကိုယ်မှာ ထပ်ပြီး ပြုံးစိစိဖြစ်လာပြန်၏။
"အင်း.. ငါ ဒီနေ့ စိတ်အခြေအနေ အရမ်းအရမ်းကောင်းနေတယ်"

"ဘာကများ အဲ့လောက်တောင် ပျော်နေစေရတာလဲ"
ရုန်ယိလည်း သိချင်စိတ်နဲ့ မေးကြည့်လိုက်သည်။

"မနေ့ညက ကျင်းရဲ့နဲ့ငါ...."
ရုန်ယိခန္ဓာကိုယ်က ကလေးတွေကိုကြည့်ပြီး တမင်သက်သက်ကို ရပ်ပစ်လိုက်သည်။
"ကလေးတွေပါ ဒီမှာရှိတော့ ငါမပြောတာ ပိုကောင်းလိမ့်မယ်.. အဲ့တာက နည်းနည်းညစ်ညမ်းတဲ့ဟာလေ.. မင်းသိပါတယ်"

ထိုစကားတွေပြောပြီးနောက် သူ့အပြုံးက ပိုလို့တောင်ကြီးမားလာရတော့သည်။ ယင်ကျင်းရဲ့က အရင်စပြီး သူ့ကို အာသာဖြေပေးလာတာမျိုးက ရှားပါးလှတဲ့ဟာ သူမပျော်ဘဲ ဘယ်လိုလုပ် နေနိုင်ပါ့မလဲ..။

ရုန်ယိမှာ ဖြစ်စဥ်တစ်ဝက်တစ်ပျက်ဘဲ နားထောင်လိုက်ရတာကြောင့် ပိုပြီး မကျေမနပ်ဖြစ်လာရတော့သည်။
"မ​င်းအသံပို့ပြီးပြောနေတာလေ.. သူတို့ကြားမှာမှမဟုတ်တာ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now