1 [Merman]

3.4K 434 87
                                    

သူငါးမြီးကိုလှည့်ပြီး ဖုယွမ်ချွမ်းဆီကူးခတ်သွားတယ်။

နံနက်စောစော အရုဏ်တက်ချိန်ကစပြီး ရေသူ(မ)ကန်နားကနေ ဆယ်သွယ်နေတဲ့ အသံတွေကြားနေရသည်။

ရေကန်မျက်နှာပြင်က အေးချမ်းတည်‌ငြိမ်နေသည်။ ရံဖန်ရံခါ ရေသူ(မ)လေးအနည်းငယ် ပေါ်လာပြီး ကမ်းပေါ်မှာရှိ‌နေတဲ့လူတွေကို စူးစူးစိုက်စိုက် စူးစမ်းကြည့်ကြသည်။

ရေကန်ရဲ့အောက်ခြေမှာ ရွှေရောင်ဖျော့ဖျော့ရေသူထီးလေး‌တစ်ကောင် ကျောက်ဆောင်အစွန်းဘက်နား အနားယူနေတယ်။ရွှေရောင်ဖျော့ဖျော့ဆံပင်ရှည်တွေက ရေစီးကြောင်းအတိုင်း ပျံ့လွင့်နေပြီး ဝှက်ထားသော ငါးမြီးသည် တွန့်လိမ်နေကာ အလင်းရောင်တောက်တောက်ကြောင့် ကန်ထဲမှာ ရောင်ပြန်ဟပ်နေသည်။

'ဒင် ဒင်~"

ကန်စောင့်ကဘဲတီးလိုက်သည်။

"အစာစားချိန်ရောက်ပြီ!"

အသံကြားလိုက်ရတဲ့ ရေသူ(မ)လေးတွေက ကမ်းစပ်နားကို တစ်ကောင်ပြီး တစ်ကောင် ကူးခတ်လာပြီး ရေပေါ်မှာ ငါးအမြီးနဲ့ ရေယပ်သံတွေ ကန်ထဲကနေ အဆက်မပြတ်ပေါ်လာခဲ့သည်။

ဆူညံသံကြောင့် ကျောက်ဆောင်စွန်းမှာ အနားယူနေတဲ့ ရေသူထီးလေး အိပ်ရာနိုးလာပြီး မျက်လုံးတွေကို ဖျစ်ညစ် ဖွင့်ကြည့်လိုက်သည်။ရွှေရောင်ဖျော့ဖျော့ မျက်လုံးတစ်စုံက အိပ်ရာထခါစဖြစ်တဲ့အတွက် ရီဝေဝေဖြစ်နေသည်။ရေသူထီးလေးက ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်က ငါးတွေကို ကြည့်လိုက်တယ်။

ဒါပေမယ့် သူတို့တွေလို ကမ်းစပ်ကို ရေကူးသွားရမယ့်အစား သူက ကျောက်ဆောင်နားကနေ ဖြည်းညှင်းစွာ ကူးခတ်ပြီး ငါးအမြီးတွေထူထပ်တဲ့ လေပူဖောင်းတွေနဲ့ဝေးတဲ့ ရေအောက်အနက်ကို ကူးခတ်သွားသည်။

ရေအောက်ရောက်တော့မှ ရေသူထီးလေးက ရေမှော်တချို့ကို ဆွဲယူလိုက်တယ်။ချွန်ထက်တဲ့ လက်သည်းတွေကြောင့်ရေမှော်ကို လွယ်လွယ်ကူကူပဲ တစ်စစီပိုင်းလိုက်သည်။ရေမှော်တွေကို စားနေရင်း ကျောက်ခွက်ထဲကို ခဲတစ်လုံးပစ်ထည့်လိုက်သည်။

ဒေါသကြီးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ရေသူလေးအဖြစ် ကူးပြောင်းသွားခြင်း [BL]Where stories live. Discover now