4 [Decoration]

716 109 8
                                    

''ရေသူ(မ)လေးတွေက အရမ်းထိခိုက်လွယ်တယ်၊ မင်းရဲ့အသံကို တိုးထား သူ့ကိုမလန့်စေနဲ့''

ကျွင်းချင်ယွီ ထူးထူးခြားခြား နှစ်ခြိုက်စွာ အိပ်မောကျသွားတယ်။

ဝိညာဥ်စွမ်းအင်ကို အလွန်အကျွံသုံးစွဲလိုက်ရတဲ့အတွက်ရော  သူအမြဲမျှော်လင့်နေရတဲ့ အရာကိုပါ လုပ်လိုက်ရတဲ့အတွက် စိတ်ကျေနပ်သွားရသည်။

ဒါကြောင့် ကျဉ်းကျပ်တဲ့ သေတ္တာထဲမှာတောင်  အဆင်ပြေပြေ အိပ်ပျော်သွားတယ်

ကျွင်းချင်ယွီ မှုန်မှုန်ဝါးဝါး မျက်လုံးဖွင့်လိုက်တဲ့အချိန်    အမှောင်ထုက သူ့ကို ဝန်းရံထားဆဲပဲ။

အခုထိ မိုးမလင်းသေးဘူးလား?

ကျွင်းချင်ယွီ ထထိုင်လိုက်တဲ့အခါ နူးညံ့တဲ့အရာတစ်ခုနဲ့ တိုက်မိသွားပြီး "ဖတ်"ဆိုတဲ့ အသံထွက်လာတယ်။

သူနဲ့တိုက်မိပြီးတဲ့နောက် ထိုအရာက အလိုအလျောက်ပွင့်လာတယ်။

တစ်ဖြည်းဖြည်းပွင့်လာပြီး နေရာလွတ်ကြားကနေ အလင်းတန်းတစ်ခု ဝင်လာသည်။ ကျွင်းချင်ယွီ မော့ကြည့်လိုက်တော့ အခွံတစ်ခုနဲ့ တူနေတယ်။

သူအခွံထဲမှာ အိပ်‌ပျော်သွားတာလား?

အဲ့လိုလည်း မဖြစ်နိုင်ဘူး။

သူမနေ့ညက သေတ္တာထဲမှာပဲ အိပ်သွားခဲ့တဲ့ဟာကို

အခွံထဲက ကူးထွက်လာတော့မှ မြင်ကွင်းတစ်ခုလုံးကို  ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

အခွံရဲ့အစွန်းတွေက ပွတ်တိုက်ခံထားရတာကြောင့် အလွန်ပြောင်ချောပြီး လုံးဝန်းနေတယ်။ရွှေရောင်လင်းလက်နေသလို သူ့အမြီးအရောင်နဲ့လည်း လိုက်ဖက်နေသည်။

အခွံအောက်တွင် နူးညံ့တဲ့ပင်လယ်ရေမှော်တွေကို အခင်းတစ်ခုလို နေရာချထားပြီး ရေအောက်မှာ ထားထားဖြစ်ပေမယ့် ကိုင်ကြည့်လိုက်တိုင်း နူးညံ့နေသည်။

ငါးကန်တစ်ခုလုံးမှာ အခွံတစ်ခုအပြင် အခြားအလှအဆင်ပစ္စည်း သေးသေးကွေးကွေး လေးတွေလည်း ရှိနေသေးသည်။

You've reached the end of published parts.

⏰ Last updated: Apr 21, 2023 ⏰

Add this story to your Library to get notified about new parts!

ဒေါသကြီးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ရေသူလေးအဖြစ် ကူးပြောင်းသွားခြင်း [BL]Where stories live. Discover now