3 [Companionship]

618 100 7
                                    

မှိန်ပြပြ မိီးအလင်းရောင်အောက်က ရွှေရောင်ဖျော့ဖျော့ ရေသူလေး သူ့လက်ထဲမှာ အိပ်မောကျနေတယ်

သူ ရေသူ(မ)မျိုးပွားစခန်းကနေ ထွက်လာခဲ့ပြီ။

ကျွင်းချင်းယွီ ရေပေါ် တက်လာပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။သေတ္တာအစွန်းကို ကိုင်ပြီး အပြင်ကို လှမ်းကြည့်မိသည်။သူရက်အနည်းငယ်လောက်နေခဲ့ရပေမယ့် အပြင်လေကို အကြာကြီးမရှုရသလို ခံစားရသည်။

ရေသူ(မ)မျိုးပွားရေးစခန်းရဲ့ကန်က ပင်လယ်နီးပါး ကျယ်ပေမယ့် အပြင်လောကနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။

ပြီးတော့ နေရောင်ကလည်း ပုံမှန်အတိုင်း လင်းထိန်နေပြီး နေပြင်းတယ်လို့ လုံးဝမခံစားရဘူး။

နေရောင်မထိုးဘူးလား ...?

ကျွင်းချင်းယွီ အံ့အားသင့်သွားပြီး‌ ခေါင်းမော့ကြည့်လိုက်တော့ ဘယ်အချိန်ကမှန်းမသိ သူ့ခေါင်းပေါ်ရောက်နေတဲ့ ဖုယွမ်ချွင်းလက်ကို တွေ့လိုက်ရသည်။

သူထွက်လာချိန်မှာ ဖုယွမ်ချွင်းက သူ့ရဲ့ ဆက်သွယ်ရေး light brain နဲ့ အလုပ်များနေပြီး စာပို့ညွှန်းကြားနေသည်။

ဖုယွမ်ချွမ်း သူ့ကို ဂရုမစိုက်ဘူးလို့ ထင်နေပေမယ့်အခုတော့ ...

ကျွင်းချင်ယွီနှုတ်ခမ်းက မသိမသာမြင့်တက်သွားသည်။ဖုယွမ်ချွမ်းရဲ့လက်ဖဝါးကို ညင်သာစွာပွတ်သပ်လိုက်ပြီး သေတ္တာထဲရှိ ဂူလေးထဲမှာ ပြန်ပုန်းနေလိုက်သည်။

ဖုယွမ်ချွမ်းကိုယ် အနည်းငယ်တုန်ယင်သွားတာကို သူသတိထားမိပေမယ့် ထိုသူကတော့ အမူရာကိုအမြန်ပြန်ပြင်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို အပြင်မှာရပ်ထားတဲ့ ယာဉ်ပျံပေါ်တက်သွားသည်။

ကျွင်းချင်ယွီ အပြုံးက ပိုပြီးပေါ်လွင်လာတယ်။

ဖုယွမ်ချွမ်းရဲ့အိမ်က ရေသူ(မ)မျိုးပွားစခန်းနဲ့ သိပ်မဝေးဘူး။ မူလစာအုပ်ထဲကအတိုင်း ကျွင်းချင်ယွီ သိထားသလောက်ဆိုရင် ဖုယွမ်ချွမ်းက ဒီပင်မဂြိုဟ်ပေါ်မှာ အိမ်ပိုင်ဆိုင်မှု ငါးခုထက်မနည်းရှိတယ်။

သူနေမကောင်းဖြစ်ပြီးတဲ့နောက်ပိုင်း ရေသူမျိုးပွား စခန်းနှင့် အနီးဆုံးနေရာတစ်ခုမှာ နေထိုင်နေတယ်။

ဒေါသကြီးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ရေသူလေးအဖြစ် ကူးပြောင်းသွားခြင်း [BL]Where stories live. Discover now