2 [Let's go home]

785 127 7
                                    

အချိန်အတော်ကြာပြီးနောက်၊ ဖုယွမ်ချွမ်းက တိုးတိုးလေးပြောတယ်

"ငါတို့..."

ကျွင်းချင်းယွီ ကူးခတ်သွားလာနေတဲ့ ရေသူမအုပ်ထဲကို တိုးဝင်သွားတယ်"

"ဖလူး ဖူး"

ရေသူမ တွေကြားထဲ ရေပူဖောင်းတွေထူထပ်သွားအောင် မှုတ်ထုတ်ပြီး ရောနှောသွားအောင် လုပ်လိုက်သည်။ ကျွင်းချင်းယွီကိုယ်တိုင် ရေစီးကြောင်းဦးတည်ချက်ကို မမြင်တော့တဲ့အထိ ရှုပ်ထွေးသွားတယ်။

ခဏကြာပြီးနောက်မှ ကျွင်းချင်းယွီက ကွက်လပ်ဖြစ်နေတဲ့ နေရာလွတ်အတိုင်း သွက်သွက်လက်လက် ကူးခတ်သွားသည်။

ငါးအမြီးကို ဖြစ်သလိုကူးခတ်နေရတာကြောင့် ဟန်ချက်မညီတော့ပေ။သူက ရေစီးကြောင်းကို တွန်းခံနိုင်ပေမယ့် "ဖတ်" ဆိုတဲ့အသံကြောင့် ကျွင်းချင်းယွီ လက်မောင်းတွေပါ တုန်ခါသွားရသည်။

ဒါပေမယ့် သူ့မှာ တုံ့ဆိုင်းဖို့ အချိန်မရှိဘူး။ ခဏနားပြီးတာနဲ့ ရှေ့ကို ဆက်ကူးသွားတယ်။

နိုဝယ်ရဲ့ဆံပင်က ‌ရေရွှဲနေပြီး သူ့ပုံရိပ်ကိုပင် လျစ်လျူရှုကာ ဖုယွမ်ချွမ်းကို စိုက်ကြည့်ပြီး ကန်ကိုတစ်ချက်ပြန်ကြည့်ကာ အေးစက်စက်နဲ့ လှောင်ပြောင်သလို အသံနှိမ့်ကာ

"ရေသူမမျိုးပွားစခန်းက ပိုက်ဆံပြတ်လပ်နေပြီလား၊ ဘာလို့ တွေ့ကရာလူတိုင်းပေးဝင်လိုက်ရတာလဲ!"

ရေသူမကို ဘာမှ မလုပ်နိုင်တော့ဘဲ နိုဝယ်ကခေါင်းကို လှည့်ပြီး ဖုယွမ်ချွမ်းအပေါ် ဒေါသတွေ အားလုံးပုံချလိုက်တယ်။

ဖုယွမ်ချွမ်းက သူ့စကားကို လျှစ်လျူရှု‌ထားတာကိုတွေ့တော့

နိုဝယ်က ပိုလို့တောင် ဒေါသဖြစ်သွားပြီး အံကြိတ်ကာ ပြင်းပြင်းထန်ထန် ပြောဆိုတော့သည်-

"တစ်စုံတစ်ယောက်က ဒီမှာပေါ်လာပြီး ရေသူမတွေကို ခြောက်လှန့်နေတယ်။တကယ်လို့ ရေသူတွေ အသေအပျောက်ရှိမှာလား၊ အဲ့ဒီတာဝန်ကို ယူနိုင်မှာတဲ့လား"

ဒီအချိန်ရောက်တော့ နိုဝယ်ရုတ်တရက် အသံမြှင့်ကာ

"အုပ်ချုပ်ရေးမှူး ဘယ်ရောက်နေတာလဲ သေသွားပြီလား ဟမ် လုံခြုံရေးအစောင့်တွေ ဘာလုပ်နေကြတာလဲ! ဒီကိုမြန်မြန်လာခဲ့ကြ"

ဒေါသကြီးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ရေသူလေးအဖြစ် ကူးပြောင်းသွားခြင်း [BL]Where stories live. Discover now