P_22🚬

4K 414 22
                                    

Jeonစံအိမ်ကြီးထဲသို့
ထိုးရပ်လာခဲ့သောကားသည်
ဘယ်လိုမှအခြေအနေမဟန်နေသလို...
တစ်လမ်းလုံးမနည်းထိန်းမောင်းလာခဲ့သော
Jeonသည်လည်းဘယ်လိုမှ
အခြေအနေမဟန်နေ။

တစ်လမ်းလုံးတွေ့တဲ့နေရာသာ
ကားကိုပြေးပြေးတိုက်ချင်နေမိပေမဲ့
ဘေးမှာကိုယ့်အပိုင်လေးပါနေတယ်ဆိုတဲ့အသိနဲ့
အိမ်မရောက် ရောက်အောင်
သူအလူးအလဲမောင်းလာခဲ့ရတာ။

အတိတ်က‌လှောင်ရယ်သံတွေ
နားထဲအထပ်ထပ်ပြန်ကြားနေရတာကြောင့်
ဒေါသတွေလည်းထွက်နေခဲ့၍
မီးကိုလောင်စာပစ်ထည့်ပေးသည့်အလား
အသိစိတ်သည်မကပ်တစ်ချက်
ကပ်တစ်ချက်တွေဖြစ်နေကာ
စိတ်သည်လွတ်လွတ်ထွက်သွားသည်။

အိမ်အမြန်ရောက်ပြီး
အိပ်ဆေးဆီရောက်ဖို့အရေးသာ
အဓိကဖြစ်နေတာမို့လို့
ခြံထဲရောက်ပြီဆိုတာနဲ့
ကားကိုစက်ပင်မသတ်နိုင်...
ကားပေါ်ကဝုန်းဒိုင်းကြဲဆင်းချသွားကာ
တစ်ဖက်ကသတို့သားလောင်းလေးကိုလည်းမမေ့။
အတင်းဆွဲဆောင့်ကာခေါ်သွားခဲ့သည်။

နှိပ်စက်မလို့နာကျင်အောင်လုပ်မလို့
အတင်းဆွဲဆောင့်ခေါ်သွားနေခဲ့တာမဟုတ်ဘူး
Jeonကသူ့အပိုင်လေးကျန်ခဲ့မှာစိုးလို့
သူဒီလိုဖြစ်နေတဲ့အချိန်
အနားကနေထွက်ပြေးသွားမှာစိုးလို့
အတင်းခေါ်သွားနေခဲ့တာ။

ဆရာဝန်လေးသည်ပြောင်းလဲနေပြန်သူကို
ကြောက်ပေမဲ့မလိုက်ဘူးတို့လွှတ်တို့
ထပ်မအော်ခဲ့သလိုရုန်းလည်းမရုန်းမိခဲ့။
Jeon‌ဆွဲခေါ်သွားတဲ့နောက်
အရုပ်လေးလိုပဲပါသွားခဲ့ရသည်။

မရုန်းရဲတော့တာပါ။
မအော်ရဲတော့တာပါ။
အရင်တစ်ခါလိုတွေဖြစ်မှာကို
မသိစိတ်တွေရော
အသိစိတ်တွေထဲကပါ
အရမ်းကိုကြောက်နေခဲ့မိတာပါ။

ထိုနေ့ကရေချိုးခန်းထဲကအဖြစ်အပျက်က
ဆရာဝန်လေးအတွက်အိပ်မက်ဆိုးကြီးကဲ့သို့
ဦးနှောက်တွေထဲအမြစ်တွယ်ခဲ့ရပြီး
Jeonတစ်ခုခုမူမမှန်တာနဲ့
သူနှိပ်စက်ခံရတော့မယ်လို့
တွေးပစ်မိခဲ့သည်အထိပဲ။

Jeonသည်နာကျင်မှုအပြင်
အတိတ်နဲ့ပစ္စုပန်တွေပါရောထွေးနေခဲ့ချိန်
ဆွဲခေါ်လာသည့်သူလေးရဲ့လက်တွေကို
အမှတ်မထင်အားနဲ့ဖိဖိချပစ်မိသွားသည့်အခါ
လက်နုနုလေးသည်ရဲခနဲရဲခနဲဖြစ်ဖြစ်သွားရသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now