P_42🚬

4.6K 404 58
                                    

အရမ်းချစ်တဲ့သူနှစ်ယောက်ကို
သေမင်းကခွဲရက်လို့လား။

ခွဲရက်တာပေါ့...
သေမင်းကခွဲရက်တယ်။
ရက်ရက်စက်စက်ကိုခွဲရဲတယ်။

အရမ်းချစ်တဲ့သူနှစ်ယောက်မကလို့
ဘယ်လိုချစ်နေချစ်နေသေမင်းဆိုတာ
ဘယ်သူ့မှငဲ့ကြည့်မပေးတတ်ဘူး။

သူ့တာဝန်အတိုင်းမျက်နှာတစ်ချက်မပျက်ပဲ
ခံစားချက်မဲ့မဲ့နဲ့
ရက်ရက်စက်စက်ကိုခွဲပြတတ်တယ်။

သေခြင်းတရားတွေရဲ့မင်းလေ
မေတ္တာရှင်ကြီးမှမဟုတ်ဘဲ။

----------

ခြိမ်းခြောက်ခံရတာကိုသိထားပြီးကတည်းက
အန္တာရာယ်တွေဖြစ်လာနိုင်တာကို
တွေးထားမိခဲ့ကြပေမဲ့
ခုလိုသစ္စာအဖောက်ခံရသည့်အခြေအနေတွေထဲ
သူမကယ်နိုင်ကိုယ်မကယ်နိုင်
ဖြစ်ခဲ့ရသည့်အခြေအနေတွေ
ရုတ်တရက်ဆန်ဆန်ပေါ်ပေါက်ခဲ့တော့
အန္တာရာယ်တွေသည်တွေးထားတာထက်
တော်တော်ကိုကြီးသွားခဲ့သည်။

တစ်ယောက်ကဗိုက်ထဲ
ဓားတစ်ဆုံးအထိုးခံရလို့
နောက်တစ်ယောက်ကျ
လက်ကောက်ဝတ်အပြင်
နှလုံးတည့်တည့်ဓားနဲ့အထိုးခံရလို့ဟူသော
‌ခေါင်းစဉ်တွေဖြင့်
နေ့လည်ဘက်ဆိုသော်ငြား
မဲမှောင်နေသောတိမ်မဲတွေအောက်က
ဆေးရုံကြီးထဲတွင်ရုတ်ရုတ်သည်းသည်းတွေ
ဖြစ်သွားခဲ့ရသည်။

ဆရာဝန်လေးအလုပ်လုပ်သည့်ဆေးရုံမို့လို့
တခြားဆရာဝန်တွေက
သူတို့လုပ်ဖော်ကိုင်ဖက်ရဲ့
အခြေအနေကိုတွေ့ပြီး
ငိုတဲ့သူကငို...
လန့်တဲ့သူကလန့်ပေမဲ့
ဆရာဝန်လေးရဲ့သူငယ်ချင်းဖြစ်သူ
Min Seokကတော့ငိုလည်းမငိုအားသလို
လန့်လည်းမလန့်အားခဲ့။

သူငယ်ချင်းဖြစ်သူအသက်ရှင်ရေးသာ
ဦးစားပေးဖြစ်နေခဲ့၍
ခွဲစိတ်ခန်းထဲအစွမ်းကုန်ကြိုးစားနေခဲ့သည်။

တစ်ဖက်ခွဲစိတ်ခန်းကစီးကရက်လေး
အခြေအနေကျတော့လည်း
ဆရာဝန်လေးထက်ပိုဆိုးနေခဲ့၍
ရင်တမမဖြစ်နေခဲ့ကြရသည်။

ကုတောင်မပေးရသေးဘူး။
ဆရာဝန်တွေသည် မေ့မျောနေတဲ့
စီးကရက်လေးပုံစံကိုမြင်တာနဲ့
"ကျွန်တော်တို့တတ်နိုင်သလောက်တော့
ကြိုးစားပေးပါ့မယ်"ဟူသည့်စကားက
Hopeအတွက်တော့
မိုးကြိုးပစ်ခံရသလိုစကားမျိုးမို့လို့
သူငယ်ချင်းဖြစ်သူကိုမရ ရအောင်
ကယ်ခိုင်းပြီးဝုန်းဒိုင်းတွေလည်း
ထကြဲခဲ့သေးသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now