ကမ္ဘာအသင်္ချေ

7.9K 308 5
                                    

💞 ကမ္ဘာ အသင်္ချေ 💞
Part - 2

ခေမာ ကြိုးဖြင့်အချည်ခံထားရသည့် မိန်းကလေးကို ငေးကြည့်ရင်း အကဲခတ်နေမိသည်။ မရမက ရုန်းကန်နေပုံက ကြောက်လန့်တကြား ဖြစ်နေသလို ဘေးဘီကိုလဲ လိုက်ကြည့်နေ၏။ ဆာဆီက ရိက္ခာတွေ ခွဲဝေသည့် နေရာ ခဏသွားနေတာမို့ ဒီမိန်းကလေးကို စောင့်နေခိုင်းခဲ့ခြင်း ဖြစ်ကာ သူမ နဲ့ အခြား မိန်းကလေးတစ်ယောက် စောင့်နေရခြင်းပင်။

" မင်း နာမည် ဘယ်လိုခေါ်လဲ။ "

ရုန်းကန်နေရာမှ လှမ်းကြည့်တော့ ရွှေရောင် ဆံပင်ရှည်တွေက ဝဲခနဲ ဖြစ်သွားကာ မျက်ဝန်းပြာပြာလေးတွေက လက်ခနဲ။ အသားက ဖြူနုနေသလိူ ဝတ်ထားသည့် အဖြူရောင် ဂါဝန်အရှည်ကြီးက အောက်နားတွေမှာ ရွှံ့တို့ဖြင့် ညစ်ပတ်နေသည်။

" မေရီခြယ်....."

" လှတယ်...."

" ဟင်....."

တဲနန်းဆောင်အဝမှ ပေါ်ထွက်လာသည့် အသံသြသြကြီးနဲ့အတူ ပြန်ရောက်လာသည့် သူ့ကို ငေးကြည့်မိတော့ ခေမာ အပြေးလေး အပေါ်ဝတ်ရုံ သားမွှေးအင်္ကျီရှည်ကြီးကို ချွတ်ပေးကာ တိုင်တွင် သွားချိတ်လိုက်၏။

" မင်း နာမည်လေ လှတယ်...."

ခေမာ့လက်တွေ တုန့်ခနဲ ရပ်တန့်သွားရသလို ထိုမိန်းကလေးကို ကြည့်တော့လဲ မျက်လုံးလေး အဝိုင်းသား။

ဆာဆီ သူ့ကို ငေးကြည့်နေသည့် သူမဆီ လျှောက်လာရင်းမှ ဆွဲထူလိုက်ကာ လက်က ကြိုးတွေကို ဖြည်ပေးနေမိသည်။

" အကုန်ပြန်ကြတော့....."

ဆာဆီ့စကားအဆုံး ခေမာ ခေါင်းလေးခါယမ်းရင်းမှ....

" ဒီမိန်းကလေးကို ခေမာ ကြည့်ထားပါ့မယ်။ ခေါင်းဆောင် ရဲ့ တဲနန်းမှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ "

ဆာဆီ ခေမာ့ကို လှမ်းကြည့်ရင်းမှ မျက်မှောင်ကြီးကျူံ့လိုက်မိသည်။

" အဆင်ပြေတာပေါ့.....မကြာခင် ဒီမိန်းကလေးဟာ ငါ့ဒေဝီ ဖြစ်လာမှာပဲ။ "

" ဟင်..."

မေရီ့ မျက်လုံးထဲ ပြာမိုက်သွားရကာ ထိုစကားက သွေးပျက်စရာ ကောင်းလွန်းနေသည်။ ဒီလူရိုင်း ကို သူမက လက်ထပ်ရမည်တဲ့လား။ အတွေးနဲ့အတူ လူက ဘာမှ မမြင်နိုင်တော့ပဲ ကြိုးလဲ သူဖြည်ပေးထားတာ ပြေနေပြီမို့ တဲအပြင်ကို ပြေးထွက်ခဲ့မိသည်။

ကမ္ဘာအသင်္ချေ ( Complete) Where stories live. Discover now