Part - 14 ( Final part - 1 )
" ခေါင်းဆောင်......"
တော်လှန်ရေး တပ်သားတွေ အကုန်လှုပ်လှုပ်ရွရွ ဖြစ်သွားရသလို စခန်းခေါင်းဆောင်၏ နောက်စေ့တည့်တည့်ကို သေနတ်ဖြင့်ချိန်ကာ ထွက်လာသည့် ဂျောစ့်။ ဂျောစ့်ကို ဂျိုးဇက်က ဘေးမှကာပေးထားရင်း ကိုလတ်တို့ဘက် သေနတ်ဖြင့် လှမ်းချိန်ထား၏။
" ခေါင်းဆောင်ကို လွှတ်ပေး...။ "
စိန်ကြည်ခင်၏ စကားကြောင့် ဂျောစ့်က ခပ်ထေ့ထေ့ပြုံးလာရင်း.......
" ငါ့မိန်းမကို အရင်လွှတ်....."
" မရဘူး......နင် ကတိမတည်ရင် ဘယ်လိုလုပ်မလဲ မျက်နှာဖြူကောင်ရဲ့။ "
ဂျောစ့် ပိတုန်းကို တစ်ချက်လှမ်းကြည့်ရင်းမှ....
" ငါက အသက်နှစ်သက်စာပါ......ပြိုင်တူလွှတ်မယ်။ "
နှစ်ဖက်လုံးက အပြန်အလှန် အကဲခတ်နေကြသလို သေနတ်တွေဖြင့် ထိုးချိန်ထားကြ၏။ ဂျောစ့်ရော စိန်ကြည်ခင်ပါ ပိတုန်း နှင့် စခန်းခေါင်းဆောင်ကို ပြိုင်တူလွှတ်ပေးလိုက်သလို ဂျောစ့် ပိတုန်းကိုယ်လေးအား ကပျာကယာ သူ့နောက်ဆွဲပို့ထားလိုက်သည်။
" နေ့တစ်ဝက်အချိန်ပေးမယ်......နေ့တစ်ဝက်ပြည့်တာနဲ့ တွေ့တဲ့လူ သတ်မယ်။ "
ဂျောစ့် ပိတုန်းကိုခေါ်၍ ဆုတ်သွားသလို တော်လှန်ရေးတပ်သားတွေလဲ အကုန်တောထဲက ထွက်ဖို့ပြင်ကြသည်။ ကိုလတ်ကတော့ ဂျောစ့် နှင့် ညီမ ဖြစ်သူ၏ ကျောပြင်ကိုကြည့်ပြီး အံကိုတင်းခနဲ ကြိတ်ကာ ထွက်သွားသည်။
ဂျောစ့် စခန်းရောက်သည်နှင့် ပိတုန်းကိုကြည့်ပြီး ဝမ်းသာဝမ်းနည်း ဖြစ်ရလွန်းသည်မို့ ပြုံးရမလို ငိုရမလို ဖြစ်နေရသည်။ ထွက်ပြေးသွားစဥ်ကတော့ တွေ့လျှင် သတ်ပစ်မည် ကြုံးဝါးပြီး ပိတုန်းရှိနေတာကို စခန်းအား အတင်းတက်သိမ်းတော့ ထိခိုက်မည်စိုးရိမ်ကာ ကာဆင်နဲ့သူ စကားများရပြန်သည်။ ကျည်ဆန်တွေကြား အကွယ်တွင် ပုန်းနေတာ လှမ်းမြင်တော့မှ ဗိုက်လေးထွက်နေတာမြင်တော့ သူ့မှာ ပျော်ရတာထက် စိုးရိမ်တကြီးပင်။
" ပိတုန်းငယ်......ဟားးးကိုယ်ဝန်ရှိနေပြီ....ကိုယ် ကလေးအဖေဖြစ်ပြီပေါ့နော်။ "
YOU ARE READING
ကမ္ဘာအသင်္ချေ ( Complete)
Romanceကိုလိုနီခေတ် ဗြိတိသျှအင်ပါယာအားကောင်းသည့်အချိန် အရေးပိုင်မင်းကြီး၏ သမီးလေးနှင့် လူသူအရောက်အပေါက် နည်းသည့်လူရိုင်းကျွန်းသခင်တို့ ၏ Romance ပါ။
