Part - 7
ဘိုစံအိမ်.....။
ခြံထဲရှိ စားပွဲအဝိုင်းလေးမှာ ထိုင်ကာ သတင်းစာဖတ်ရင်း ကော်ဖီသောက်နေသည့် ဂျောစ့်။ ပိတုန်းကတော့ သူ့ဘေးရှိခုံလေးတွင် ထိုင်ရင်းမှ ဘီစကစ်တွေ ၊ အချိုမုန့်တွေကိုကြည့်ရင်း စံအိမ်က ကြီးတော်ပြင်ပေးသည့် ထမင်းဆီဆမ်းနှင့်ပဲပြုတ်သာ လွမ်းသည်။ ပိတုန်း နဲ့ သူဟာ အစထဲကိုက ဆန့်ကျင်ဘက်လူသားတွေ ဖြစ်ခဲ့ကြပါသည်။
လူမျိုးမတူသလို သူက ဗြိတိသျှ မျက်နှာဖြူ ပိတုန်းက မြန်မာလူမျိုး။
သူက ခရစ်ယာန် ပိတုန်းက ဗုဒ္ဓဘာသာမို့ ကိုးကွယ်သည့်ဘာသာလဲမတူညီ။
သူက နယ်ချဲ့စနစ်ဖြင့် မတရားသိမ်းပိုက်ရယူတတ်သည့်လူဖြစ်သလို ပိတုန်းက ကျွန်ပြုခံရခြင်းကိုမုန်းတီးပြန်သည်။
ဂျောစ့် ငေးငိုင်နေသည့် ပိတုန်းပုံစံလေးကြောင့် ကဲကြည့်လိုက်ရင်းမှ.....
" ပိတုန်းလေး.....ခုထိ ဘာမှလဲမစားပါလား။ ဘာလို့လဲ မကြိုက်လို့လား။ "
" ဒီနေရာမှာ ကျွန်မ နှစ်သက်တာ ဘာတစ်ခုမှမရှိဘူးလေ.......အစားအသောက်ကအစ ရှင်ကအဆုံး အကုန်မကြိုက်ဘူး။ "
ဂျောစ့် သက်ပြင်းချလိုက်ရင်းမှ......
" နေ့လည်ကျရင် ဒက်ဒီလာလိမ့်မယ်။ ပိတုန်း ကိုယ့်အနားပဲနေနော်။ "
" သခင်လေးဂျောစ့်......ဘုံဘေဘားမားက အရာရှိရောက်နေတယ်။ "
ဘုံဘေဘားမား.....။
မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ကျရောက်ခဲ့ရခြင်း၏ တစ်စိတ်တစ်ဒေသ ။ တစ်နည်းအားဖြင့် ဗြိတိသျှလူမျိုးတို့၏ လှည့်ကွက်တစ်ခု။
မြန်မာပြည်၏ တန်ဖိုးကြီးသယံဇာတတွေထဲတွင် ထိပ်ဆုံးကပါသည့် သယံဇာတဆို ကျွန်းသစ်ကိုပြေးမြင်မိကြပါလိမ့်မည်။ ဘုံဘေဘားမားသစ်ကုမ္ပဏီသည် အခွန်မပေးပဲ ပြည်ပနိုင်ငံတွေကို သစ်တင်ပို့မှုကြောင့် မြန်မာဘုရင်သည် ရူပီတစ်သိန်း ပေးဆောင်ရန် ဒဏ်ရိုက်ခဲ့သည်။ အခွင့်အရေးကို ကျားချောင်းသလို ချောင်းနေသည့် ဗြိတိသျှတို့သည် ထိုကိစ္စအား အခွင့်အရေးယူခဲ့သလို လပိုင်းအတွင်းမှာတင်ကို မြန်မာနိုင်ငံကြီးသည် ဗြိတိသျှလက်အောက်ကို ကျရောက်သွားခဲ့သည်။
YOU ARE READING
ကမ္ဘာအသင်္ချေ ( Complete)
Romanceကိုလိုနီခေတ် ဗြိတိသျှအင်ပါယာအားကောင်းသည့်အချိန် အရေးပိုင်မင်းကြီး၏ သမီးလေးနှင့် လူသူအရောက်အပေါက် နည်းသည့်လူရိုင်းကျွန်းသခင်တို့ ၏ Romance ပါ။
