Part 17 တိမ်တွေပြာတဲ့ Sunday

1.3K 141 2
                                    

မောင်ဆေးရုံက ဆင်းလာတော့ ကျနော်တို့လက်ထပ်ပွဲအတွက် အပေးအယူကိစ္စတွေ တော်တော်ညိှယူကြရတယ်

" မေမေကလည်း ဒါဆိုသားက မောင့်ကို တိတ်တိတ်ပုန်းလက်ထပ်တာနဲ့တူမနေဘူးလား"
" အဲ့လိုမလုပ်ချင်ရင်
နင်က ယောကျာ်းကြီးနဲ့ပါဆိုပီး ချပြပီးမှ
idol လုပ်လည်းရတယ် လေ"
" ဘယ်သူက လက်ခံမှာလဲမေမေရ"
" မသိဘူး jimin ငါတို့နင်ဖြစ်ချင်နေတာတွေကို
လိုက်လျောပေးထားတာ မင်းကလည်း အပေးအယူတော့လုပ်ရမှာပေါ့"
" ထုတ်မပြောပဲ မေမေတို့ပြောသလို လုပ်တာက
ပိရိတ်သတ်ကို လိမ်တာပဲလေ"
"မောင်နဲ့ ကျနော်က သိပ်ချစ်ကြတာပဲလေ
အောင်မြင်လာမှ အားလုံးလက်ခံနိုင်မှ
လက်ထပ်တာ မကောင်းဘူးလား
ကျနော်လည်းအဲ့အချိန်ကျ မောင့်ကို ပွဲထုတ်မှာပါ"

" ကံကြမ္မာက ဘာမှန်းကြိုမြင်ရတာမဟုတ်ဘူး
သိလား jimin
လက်ထပ်ထားရုံပဲလေ
ကြိုးလေးတကြိုးအဖြစ် ထားတာလေ
အမေတို့စိတ်အေးချင်လို့လေ
နင့်အတွက် ဘာကို ထိခိုက်သွားလဲ"

"သားသိပါတယ် နားလည်းနားလည်တယ်
လက်ထပ်ထားပီး ထုတ်မပြဖြစ်တာကနေ ပေါ်သွားခဲ့ရင်
မကောင်းတော့ဘူးလေ
လက်ထပ်ပီးပါပီ ချပြပြန်တော့လည်း
လက်ထပ်ပီးသားလူတယောက်က
ဒီလောကနယ်ပယ်မှာ ဘယ်လိုခြေချရမလဲမေမေရာ
လက်ထပ်တာကြီးကလေ ဘယ်လိုပြောရပါ့မလဲဗျာ
ခက်တယ်မေမေရာ"

"တော်တော့ park jimin
မင်းက အချစ်ခံနေရတော့
စိတ်မပူတတ်တော့တာလား
နင်အောင်မြင်မူနောက်မှာ တတိယလူပေါ်လာခဲ့ရင်
ဒါမှမဟုတ်
သား Kookie လေးဘက်ကနေ တယောက်ယောက်များပါဝင်လာရင် ရင်ကွဲရမယ်ဆိုတာ နင်စဉ်းစားမထားဘူးလား
သား Kookie ကလည်း ပျိုတိုင်းကြိုက်တဲ့
အနေအထားပဲလေ "

" အဲ့တော့ကျနော်က လက်ထပ်ပွဲအရင်လုပ်ရမယ်လို့ဆိုလိုတာပေါ့"

" နင်က ဘာဖြစ်ချင်သေးလို့လဲ
Park jimin ရဲ့
နင့်ရဲ့တကိုယ်ကောင်းဆန်မူတွေကို ငါအံ့ဩလို့မဆုံးဘူး"

မေမေနဲ့ ကျနော် လက်ထပ်ပွဲအတွက်ညှိနှိုင်းရာက အခြေအတင်တွေဖြစ်လာတဲ့အထိပေ
နိုင်လိုစိတ်နဲ့ ပြောသောစကားများသည်
မောင့်ကိုထိခိုက်စိတ်မရှိပါပဲ မရည်ရွယ်ပါပဲ
ထိခိုက်စေခဲ့သည် ကျနော်လည်းကျနော်ပါပဲ
မေမေနဲ့ကျနော့်ကြားမှာ မောင်ထိုင်နေသည်ကို
မေ့နေသည်အထိ
သားအမိနှစ်ယောက်အားပြိုင်နေကြသည်

Our Dictionary Where stories live. Discover now