Part 23 ကွာရှင်းကြမယ်

1.6K 143 8
                                    

" မေမေ ကိုကိုရော ကိုကို့အခြေအနေလေး ပြောပြပါ"

" ဘယ်နှကြိမ်ရှိပီလဲ Kookie
ဒီခလေး မင်းကြောင့်ထိခိုက်ခဲ့တာ
ဆေးရုံရောက်ရတာ ဘယ်နှကြိမ်ရှိပီလဲ
ငါမမတို့ကို ဘယ်လိုမျက်နှာချင်းဆိုင်မလဲ"

" သားမှားပါတယ်ဗျာ
သားရဲ့ဇွတ်တရွတ်စိတ်တွေကြောင့်
ကိုကို ထိခိုက်ရတာပါ
တောင်းပန်ပါတယ်မေမေရယ်
ကိုကို့ကိုသားတွေ့ချင်တယ်"

" မင်းတွေ့လို့မရဘူး Kookie
မမက မင်းလာခဲ့ရင်
သူ့သားကို ဝင်မတွေ့ပါစေနဲ့လို့
တောင်းဆိုထားတာ
အခုလို ဆေးသောက်သက်သေရတဲ့အထိ
မင်းဘာတွေကျူးလွန်ပြန်တာလဲ"

" သားအထင်လွဲသွားတာပါ"

"အထင်လွဲတာလောက်နဲ့
Jimin က အခုလို မလုပ်ဘူး
မင်းတို့ကြားမှာ တခြားတယောက်ရှိသေးတယ်မလား"
Jk ပခုံးကို ကိုင်ထားတဲ့
brown ကို ကြည့်ပီးမေမေမေးတော့

" မဟုတ်ပါဘူးမေမေ ကိုကိုနဲ့သားကြားမှာ
ဘယ်သူမှမရှိပါဘူးဗျာ"

" မေမေ မွေးထားတဲ့သား
မေမေတို့လက်ပေါ်တင် ကြီးလာတဲ့ခလေးတွေကို
မေမေတို့က ကြည့်လိုက်ရုံနဲ့ အတိမ်အနက်ကိုသိပီးသား
မခွဲနိုင်ဘူးဆိုပီး
သတိတွေလစ်တဲ့အထိ ကောက်ကောက်ပါအောင်
လိုက်သွားပီး ဘာပြသနာထပ်ရှာလဲဆိုတာ
မင်းဖေဖေကို မင်းအရင်ရှင်းပြလိုက်
Jimin ကိုသွားမတွေ့ရဘူးလို့
မင်းဖေဖေလည်း မှာထားတယ်"

" ကိုကို့အခြေအနေလေးတော့ ပြောပြပါလားမေမေရာ"

" အရေးပေါ်ခန်းထဲမှာ
နှာခေါင်းကနေ အစာအိမ်ထိ ပိုက်ထည့်ပီး
သူသောက်ထားတဲ့ဆေးတွေ
အကုန်ပြန်အန်ထွက်အောင်လုပ်ပီး
ဆေးကြောနေရတဲ့အနေအထားပဲ
ခလေးလေးက သိပ်သနားဖို့ကောင်းတယ်
ဆေးတွေ ပြန်ထွက်အောင်
ထုတ်ခါနီး သတိလည်နေတဲ့ အချိန်
မေမေတို့က မင်းနာမည်လေးခေါ်ပြပီး
သတိလစ်မှာစိုးလို့ ပြောတော့
မကြားချင်ဘူးတဲ့
အရင်တခါက မင်းခွေးစိတ်ပေါက်ပီး
ကြမ်းရမ်းတုန်းကတော့င်အခုလောက်မခါးသီးဘူး
အခုတော့ သူမင်းကို ခါးခါးသီးသီးပဲ"

" သွားပီ ကိုကို ငါ့ကို ခါးသီးနေပီတဲ့ brown
ငါက သေသင့်နေပီကွ"

Our Dictionary Where stories live. Discover now