Part 19 မခွဲနိုင်ဘူး

1.3K 126 5
                                    

" ကိုကို မောင်မှာတာတွေမမေ့နဲ့နော်
ပစ္စည်းတွေစုံပီလား"

" အင်းပါမောင်"
နှုတ်ခမ်းနားလက်လေးကာကာပြောတတ်တဲ့
ကိုကိုအကျင့်က ပိုအသဲယားဖို့ကောင်းသည်

" မင်းပြောတဲ့ အိမ်လိပ်စာကို ပို့ပေးဦးလေ
ငါကအားတာနဲ့ပြေးလာမှာ
မောင်ငါ့ကိုလွမ်းနေနော်"

" ဟဲ့ခလေးတွေ ဟိုမှာစောင့်နေတဲ့သူအားနာဦး"

" မောင်ရေ စိတ်ချမယ်နော်"

" မျက်ရည်တို့ကျမလာစေရန် မျက်တောင်
ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းငြိမ့်ပြမိသည်

" ကျနော်စိတ်ချမယ်နော်CEO Min "

" တောင်းဆိုနေတာလား ခြိမ်းခြောက်နေတာလား
မကွဲတဲ့ ငှက်လေးရဲ့ မောင်ကို
ချေမိုးပီး ပြန်မဖြေခဲ့ပါ"

ကိုကိုတို့ကားလေးထွက်သွားတော့
ခြံထဲက မျက်ခင်းပြင်မှာ
ခြေဆင်းငိုတာကျနော်ပါ
အမေနှစ်ယောက်ဝိုင်းခေါက်တော့
လူးလိမ့်ပီးတော့ကိုဆက်ပီးငိုခဲ့တာ
အဲ့ညမှာပဲ ကိုကိုတို့နဲ့တဲ့တိုက်ခန်းလေးမှာပဲပြောင်းနေမယ်
ဆိုပီး အထုပ်ဆွဲဆင်းလေသည်

V call ပြောပီး အလွမ်းသယ်တာ
မနက်လေးနာရီအထိ

မောင်သည်နှစ်နာရီသာအိပ်သည်
မနက်ခြောက်နာရီထိုးတာနဲ့
ကိုကို entertainment အဆောက်အဦးရှေ့ရောက်နေပီ
ကိုကို့အတွက်မနက်စာလာပို့ပါသည်ဟုခေါင်းစဉ်ဖြင့်
နေ့လည်ရောက်တော့လည်း
နေ့လည်စာ လာပို့ပါသည်ခေါင်းစဉ်ဖြင့်
ညနေလည်း အသီးလာပို့သည်ဟူသောခေါင်းစဉ်ဖြင့်
Min yoongi ၏ August D Entertainment ကတော့
မောင်ခြေရာတွေလွှမ်းစေခဲ့သည်
CEO Min ကတော့ ဘယ်နှစ်ရက်လာနိုင်မလဲ
စောင့်ကြည့်မည့်အနေအထားဖြင့်
ကိုကိုကတော့ ပျော်နေသည်
ဝါသနာကပါရာကိုလည်းလုပ်ရ
မောင်ကလည်း သတိရတာနဲ့လာတွေ့နေတော့
အဆင်ကိုပြေရော
လဝက်လောက် ခြေရာထပ်နေသော ကောင်လေးကိုရော
အချိန်ကျလို့မှ မမြင်ရရင် ကကွက်တွေထထဖောက်တဲ့
ကောင်လေးကိုရော သတိပေးမှ ဖြစ်တော့မယ်
ဆိုတာ CEO Min တွေးနေရသည်
မပေးလို့လည်းမရဘူးလေ
လမ်းထိပ်က ပဲခေါက်ဆွဲဆိုင်ကစပီး လမ်းဆုံးက
ကော်ဖီဆိုင်ကလူတွေတောင်
အမြဲတမ်းလာနေတဲ့ကောင်လေးကို
သတိထားမိနေကြတာလေ
ကြာရင်မလွယ်ဘူး
ပွဲဦးမထွက်ခင် confirm နေရလိမ့်မယ်

Our Dictionary Where stories live. Discover now