Part-1

16.9K 529 8
                                    

တစ်ကျောင်းလုံးထဲက ဆရာမတွေ ထဲမှာ အချောဆုံးအလှဆုံးနဲ့ မြန်မာနိုင်ငံရဲ့ ကြီးကြီးတက်ချမ်းသာလှတဲ့ သူဌေးကြီးရဲ့ တစ်ဦးတည်းသော သမီးလေး
လူအများက မာန မင်းသမီးလို့ သမုတ်ကြတဲ့
ဆရာမလေး ဒေါ်နှင်းဝတ်မှုန်

"ဖေဖေရယ်....သမီး ယောကျ်ားမယူချင်သေးဘူးနော်
လုပ်ပါဖေဖေရယ်"
မေမေက သူ့သူငယ်ချင်းရဲ့သား
ဒေါက်တာကောင်းမြတ်နဲ့ အတင်းပေးစားနေလို့
ဖေဖေ့ကို စစ်ကူတောင်းနေရတဲ့နှင်း။

နှင်း'sဖေဖေ:"ဟုတ်ပါတယ် မေကြီးရယ်.. သမီးလေးက သူ့ကိုယ်ပိုင်ရွေးခြယ်တတ်တဲ့ အရွယ်ရောက်နေပါပြီ။
သူ့ စိတ်ကြိုက်လုပ်ပါစေ အခုတောင် အိမ်ကစီးပွားရေးကိုဦးစီးပါဆို‌တာတောင် သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ် လုပ်လိုက်ပေမဲ့ မှားလို့လား
ကြည့်ပါအုံး ဖေကြီးသ‌မီးလေးက အဖြူအစိမ်းလေးနဲ့ ဘယ်လောက်တောင် လှလိုက်သလဲ "

နှင်း'sမေမေ:"ကဲပါ..ဟုတ်ပါပြီ မယူဆိုလည်း မပြောတော့ဘူး ရှင်တို့သားအဖတွေလည်း တကတည်း ပြောကို မပြောချင်ဘူး ဟို အမတော်လည်း ဒီနေ့ ကျောင်းစဖွင့်ရက်ဟုတ်လား သွား သွား စော စောသွားတော့ ဖေကြီးလည်း ရုံးသွားစရာရှိ‌သွားတော့"

နှင်း:"ဟီး ဟုတ်ကဲ့ မေမေ..အဲ့တာကြောင့်ဖေကြီးကို ချစ်နေရတာ အာဘွားးး"

နှင်းက‌ဖေကြီးကို အာဘွားပေးပြီး စာသင်ကျောင်းသို့ထွက်ခဲ့သည်။
နှင်းက ဖေဖေနဲ့ မေမေရှေ့မှာတော့ တကယ့် ကလေးလေးလိုနေတက်ပေမဲ့ ကျောင်းမှာတော့ မာန တဖွဲသားနဲ့ ကလေးတိုင်းကြောက်ချစ်ရိုသေပြီး ဘယ်ကလေးကိုမှ မျက်နှာသာ မပေးတက်တဲ့  လူမျိုးပါ။

ပထမဆုံးကျောင်းတက်ရက်မို့ကျောင်းသားတိုင်းက အကျီ အသစ်များတောက်လွင်လျက်။
နားနေခန်းမှာ ထိုင်နေတဲ့ နှင်းရဲ့ တစ်ဦးတည်းသောချစ်သူငယ်ချင်းလေးမှာ‌ ဒေါ်ချောစုလွင်....

တီချယ်လွင်: "ဟာ...နှင်း နင်ဒီနှစ် အတန်းပိုင်လုပ်ရတယ်ဆို ဟီးဟီး ငါတော့မြင်ယောင်နေတယ် ဒီက ဘီလူးမကြီးနဲ့ ကလေးတွေ ဘယ်လိုသတ်ပွဲ ဖြစ်ဦးမလဲဆိုတာ"

ပြောလည်း ပြောချင်စရာပါပဲ။ နှင်းက အမြဲ အလိုလို ဒေါသကြီးသူပါ။ တစ်ခါတစ်လေ တပည့်တွေကိုရိုက်ရင်တောင် သွေးထွက်အောင် ရိုက်တက်လေသည်။ဒါတောင် ဒေါသက ထွက်လို့ မကုန်သေးပါ။
အဲ့သလောက်ထိ နှင်းက အရိုက်ကြမ်းပြီး စိတ်တိုလွယ်တာပါ။
ဒါကြောင့်လည်း ကလေးတိုင်းက ကြောက်ကြတယ်။

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now