Part-13

6.3K 339 16
                                    

ဒီနေ့ ကျောင်းဆင်းချိန်...
တီချယ့်ကို တခြားယောကျားလေးတစ်ယောက်
လာကြိုတယ်...

နှင်း:"‌သမီး...ဦးလေး လာကြိုရင် ပြန်လိုက်နော်...
တီချယ့်ကို မစောင့်နဲ့.."

အေးမြ:" သမီး တီချယ်နဲ့ လိုက်မယ်"

နှင်း:"မလိုက်နဲ့...အိမ်ပြန်ပြီး စာလုပ်နေ"

အေးမြ:"တီချယ်!!!လိုက်မယ်လို့ နော်..နော်..."

နှင်း:"သမီး တီချယ် ကောင်းကောင်းပြောနေတယ်လေ..."

အေးမြ:"ဟုတ်...မလိုက်တော့ပါဘူး🥺"

နှင်း:"အဲ့တာဆို သွားမယ် ကိုကောင်းမြတ်"

‌နှင်းမေမေက ဒေါက်တာကောင်းမြတ်နဲ့ အတင်းတွေပေးစားနေပြီ...
နှင်းကလွန်ဆန်လို့မရရှာဘူး...
ခုချိန်ထိ ဘာရည်းစားမှ မရှိသေးတော့ မေမေက လက်မခံနိုင်ဘူး...
ကလေးတွေရဲ့ စာမေးပွဲကြီးလည်း နီးနေပြီမို့..
နှင်းရဲ့ကလေးလေးကို စာမှာပဲ စိတ်ပိုဝင်စားစေချင်တယ်....

ဒီနေ့ကျောင်းပြန်ရင် ကိုကောင်းမြတ် အမေနဲ့
တွေ့ဖို့မေမေက မှာလိုက်လို့ ‌
ကိုကောင်းမြတ်လာကြိုတာ...

ကိုကောင်းမြတ်က ဆရာဝန်ဆိုတော့ ရုပ်ဖြောင့်ဖြောင့်ပေါ့...
နှင်းနဲ့ကလည်း ဆယ်တန်းတုန်းက ကျောင်းတူတူတက်ဖူးတာ...
ကောင်းမြတ်က အရမ်းနွဲ့တယ်...
အခုလည်း နှင်းတို့ကျောင်းက bioဆရာနဲ့
အီစီကလီတွေ...
အဲ့တာကြောင့် နှင်းတော့ စိတ်မပူဘူး...
ကောင်းမြတ်ကိုယ်တိုင်လည်း နှင်းကို ပြောပြဖူးတာမို့
မိဘ တွေ ကြောင့်သာ ဟန်ဆောင်နေရတာ...

ကောင်းမြတ်အိမ်ကပြန်‌တော့
နှင်း ကိုကောင်းမြတ်ကို အိမ်ပဲ ပို့ခိုင်းခဲ့တယ်...
အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ကလေးငယ် အိမ်သွားခဲ့တယ်...
‌စာမေးပွဲကြီး နီးနေပြီဆိုတော့...
နှင်းအိမ်မှာတစ်လှည့် ကလေးငယ်အိမ်မှာတစ်လှည့်စာလုပ်ရင်း တူတူ အိပ်ဖြစ်ကြတယ်...

နှင်း:"သမီးရေ...တီချယ် ရောက်ပြီနော်"

အတန်ကြာတဲ့ ထိ မထူးဘူး....
ကလေးငယ်က နှင်းကို ဘယ်လောက်ချစ်လဲဆိုတာ နှင်းသိပါတယ်...
အခုဆို အိမ်လေးထဲမှာ မီးငယ်လေးတောင် မရှိတော့ဘူး...
နှင်းကြောက်တတ်လို့ဆိုပြီး ဟိုဘက်အိမ်ကိုပါ ပို့ထားပေးရှာတယ်....

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now