Part-5

7K 410 2
                                    

"တီး....တီး...."
"တီး...တီး....."
အေးမြတို့အိမ်ရှေ့မှ ဟွန်း အကြာကြီးတီးနေရသော
နှင်းရဲ့ကား။

အေးမြ:"ခန့်ခန့်ရေ....ခန့်ခန့်...ဒီကောင်ဘယ်ရောက်နေတာလဲကွာ"
အရက်ခွက်လေးကိုင်ကာ ‌အိမ်အောက်ထပ်သို့ဆင်းလာသော အေးမြ။

အေးမြ:"အော်...အေး ကြီးမြတို့ မနက်ကပဲဘုရားဖူး ထွက်သွားကြတာပဲ ငါ့နှယ့်နော်...အရက်ပုလင်းကိုင်ပြီး အပန်းဖြေပြီဆို အရှုပ်တွေကပေါ်စမြဲပဲ"

တစ်ယောက်တည်း ပွစိ ပွစိနဲ့ ပြောရင်း ခြံတံခါးလာဖွင့်ပေးတဲ့ ကလေးမ

တံခါးဖွင့်တာနဲ့ အိမ်ထဲသို့ တန်း‌ဝင်လာသော နှင်းရဲ့ကား။

အေးမြ:"ဟာ...ဒီလေဒီကြီးက တကယ့်အမွှေပဲ၊
ငါ့ကို အမျိုးမျိုးပြဿနာရှာနေတော့တာပဲ အခုလည်းငါနဲ့ တစ်ပွဲ နွှဲရအုံးမယ်ထင်ပါ့"

ပြောရင်းနဲ့ အိမ်ထဲဝင်လာသောအေးမြ။

ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေ‌ရင်း အရက်ခွက်ကို လက်ပိုက်ကြည့်နေသည့်နှင်း။

အေးမြmind: အဖြူအစိမ်းနဲ့ မဟုတ်ဘဲ အခုလို ပါတိတ်လေးနဲ့ကျတော့လည်း ယဉ်ယဉ်လေးနဲ့ကို လှနေပြန်တယ် ဒီလောက်လှရက်နိုင်တဲ့ အမျိုးသမီးမျိုး ငါ့အပိုင်သာ ဖြစ်လိုက်ချင်မိတယ်၊"ဆရာမ"ဆိုတဲ့ ဂုဏ်ပုဒ်သာ မရှိခဲ့ရင် ငါ ရည်းစားစကားပြောပြီးနေလောက်ရောပေါ့

နှင်း:"ဝေ့.....ဒီမယ် မင်း ဒါတွေ ဘာလုပ်တာလဲ"

အေးမြ:"သောက်တဲ့ဟာတွေလေ"

နှင်း:"သောက်တဲ့ဟာတွေ ဆို‌တာတော့ မင်းပြောမှလား၊မင်း အသက် ဘယ်လောက်များ ရှိလို့ အဲ့လိုတွေ‌လုပ်နေရတာလဲ"

အေးမြ:"အသက်ပြည့်မှ သောက်ရမယ်ဆိုတာ ပညတ်တွေပါ၊ သောက်တတ်ရင် သောက်လို့ရတယ်
ဘယ်သူမှ မစစ်နေဘူး"

နှင်း:"မင်း....မင်း မိန်းခလေးတန်မဲ့ မရှက်ဘူးလား!!"

အေးမြကတော့ ဂရုစိုက်ပုံမပေါ်၊ ဘောင်းဘီ အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ပါးစပ်ထဲထည့်ပြီး မီးညှိလိုက်သည်။

နှင်း:"မင်းကိုတို့ပြောနေတယ်...မင်း နားမလည်ဘူးလား"

ပါးစပ်ထဲမှ ဆေးလိပ်ကို တချက် ဖွာလိုက်သော အေးမြ။
ဆေးလိပ်ငွေ့ ‌မခံနိုင်သော နှင်း မှာ မျက်မှောင်ကျုံ့လျက် အေးမြပါးစပ်ထဲမှ ဆေးလိပ်ကို ဆွဲယူကာ
မီးငြိမ်းလိုက်ပုံ။

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now