Part-2

7.7K 438 1
                                    

တီချယ်လွင်:"ငနှင်းရော့....
ရေလေးသောက်လိုက်အုံး"နှင်းကိုရေဗူးလေးကမ်းပေးသော တီချယ်လွင်။

နှင်း:"ဟူး....မလွယ်ပါဘူးဟယ် မိန်းခလေးတန်မဲ့နဲ့
ထိုးကြိတ်နေတာ ငါ့ထက်တောင် ဒေါသပိုကြီးသလားလို့ အဲ့ကလေးမက"

နားနေခန်းမှာ ထိုင်နေသော ၁၀တန်း သချာ်ဆရာမ
ဒေါ်မျိုးကြည်။
တီချယ်မျိုး:"သမီးနှင်း...ရန်ဖြစ်တာမိန်းခလေးဆိုတော့ အေးမြသန့်စင်ပဲ မလား"
နှင်း:"ဟုတ်တယ် တီချယ်မျိုးရေ သူပဲ ထိုးကြိတ်နေတာနှင်းက တုတ်ကျိုးအောင်ရိုက်လိုက်တာတောင် ဖြုန်ပုံမရဘူး"
တီချယ်မျိုး:"အဲ့ကလေးမက ၉တန်းတုန်းကလည်း ရန်ခန ခန ဖြစ်တယ်။ ရန်ပွဲတိုင်းမှာ သူပါတယ်။
တကယ့် ငဆိုး ငတေလေး။ ဘယ်ဆရာမမှ သူ့ကို ပြောမနိုင်ကြဘူး။ အဲ့တာကြောင့် ၉တန်းတုန်းကဆို ကျောင်းနှစ်တဝက်တည်းက ကျောင်းပေးနားထားရတယ်။ "
နှင်း:"အော်....ဟုတ် တီချယ်မျိုး၊ဝိုင်းပြီး ထိန်းပေးကြတာပေါ့ ။"
တီချယ်မျိုးက ပြုံးပြလျက်ပင်။
နှင်းmind:တွေ့ကြပြီပေါ့၊အေးမြသန့်စင်.....

About အေးမြသန့်စင်...
အေးမြက broken family ကပါ။
ဖေဖေနဲ့မေမေက အေးမြ၅နှစ်သားကတည်းက ရန်ဖြစ်ပြီး မေမေက အိမ်ပေါ်ကဆင်းသွားတယ်။
ခုတော့ မေမေ က နောက်အိမ်ထောင်နဲ့ပေါ့။
ဖေဖေကလည်း နိုင်ငံခြားမှာ company ထောင်ထားလို့ ‌မြန်မာနိုင်ငံကို မပြန်လာအားရှာဘူး။
ဖေဖေက အေးမြအတွက် အလုပ်တွေ
အရမ်းကြိုးစား‌ပေးတယ်။
အေးမြ ၄တန်း ကတည်းက တစ်ယောက်တည်းနေခဲ့ရတယ်။
အေးမြအိမ်မှာ အေးမြရယ် ခြံစောင့်မောင်ခန့်ရယ်
ဒါရိုက်ဘာဦးသိန်းရယ် အိမ်မှုကိစ္စလုပ်ပေးတဲ့ ကြီးကြီးမြရယ် နေကြတယ်။
‌ဆွေ မရှိ မျိုးမရှိ အေးမြ အဖို့ကတော့
ကြီးကြီးမြတို့ကို မိသားစုဝင်လို့ သတ်မှတ်ထားခဲ့ရတယ်။
အေးမြတို့က အရမ်းချမ်းသာတယ်။
ဒါပေမဲ့ ကျောင်းမှာတော့ သူဌေးသမီးမှန်း ဘယ်သူမှ မသိရအောင် ဖုံးကွယ်ထားတယ်။
အေးမြငယ်ငယ်က
အထိန်းအကွပ် မရှိတဲ့အေးမြကို
လူအများကနှိမ်ကြတယ်။
အထီးကျန်ဆန်လွန်းလို့ စိတ်ထဲမှာ အမြဲ အနာတရ
ဖြစ်နေခဲ့တယ်။
ဒါကြောင့်လည်း ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘူး။
တစ်ခုခုဆို ထိုးမယ် ကြိတ်မယ်ပဲဖြစ်နေတော့တယ်။
ကျောင်းတစ်ကျောင်းလုံးမှာ အေးမြနဲ့ တည့်တာဆိုလို့ကျော်မျိုးသောင်းနဲ့ စကားချိုပဲရှိတယ်။
ကျော်မျိုးသောင်းကအပျော်အပါးမက်တယ်။
စကားချိုကတော့ ဆိုးဖော်ဆိုးဖက်ပေါ့။

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now