Extra part-17

7.5K 352 12
                                    

နှင်းနဲ့အေးမြကလေ...
Stateကျောင်းမှာလို မဟုတ်တော့ပင်မဲ့
ခုထိ သတ်ပွဲတွေ ဖြစ်နေကြတုန်း...
နှင်းနဲ့ ချစ်သူ ဖြစ်ကတည်းက အချိုးတွေကလည်း
ပြောင်းသလား မမေးနဲ့....
ဒါပေမဲ့ ချစ်တော့ ချစ်ရှာပါတယ်..
နှင်းကလည်း ခုချိန်ထိ ကလေးငယ်ကို ရိုက်နေရတုန်း
အဲ့ကလေးကလေ...ပြောရင် အမှတ်သည်းခြေကို
မရှိတာပါ...
မသောက်နဲ့ဆိုလည်း နှင်းကွယ်ရာမှာခိုးခိုးသောက်တယ်...
ခုလည်း မနက်ဖန်ဆို မဂ်လာဆောင်ရမယ်ဆိုမှ...
အိမ်ပြင်ထွက်ပြီး ဆေးလိပ်ခိုးသောက်ခဲ့တယ်..
အခန်းတံခါးကို ဖွင့်လိုက်ကတည်းက ဆေးလိပ်နံ့ကမွှန်ထူလို့.....

အေးမြနားရွက်ကိုပြေးဆွဲပြီး....

အေးမြ:"အ..လွှတ် တီချယ်"

နှင်း:"ထိုင်စမ်း အဲ့မှာ.."

ကုတင်ပေါ်ထိ နားရွက်ဆွဲသွားပြီးမှ လွှတ်ပေးလိုက်ကာ...
တံခါးအနောက် ကြိမ်လုံးကို ဆွဲယူလာခဲ့တဲ့နှင်း...
အဲ့ကြိမ်လုံးလေးက နှင်းနဲ့အေးမြ အကြား မရှိမဖြစ် အရာလေးပါပဲ....
အေးမြကို ဘယ်ချိန်ထိ ဆရာမ တစ်ယောက်လို
ဆုံးမနေအုံးမှာလဲ....
ထိုကလေးကလည်း အဲ့တာလေးကိုပဲကြောက်တာ...
အဲ့လိုလေး အကြမ်းနည်းနဲ့မှ
လိမ်မာတတ်တဲ့ကလေးမျိုးးး....

အေးမြ:"အယ်...တီ...တီချယ်...
အဲ့..အဲ့တာ ဘာလုပ်ဖို့ ကိုင်လာတာလဲ.."

နှင်း:"ကိုယ့်အပြစ်ကိုယ်မသိဘူးလား...ဟမ်..
နင့်ကိုယ်ငါ အဲ့တာတွေ မသောက်ဖို့
အတန်တန်မှာထားတဲ့ဟာကိုး...
နင်က ငါ့ကို ဂရုမစိုက်တာလား..ဟမ်"

"ရွှမ်း"

အေးမြကျောလေး တစ်ချက်ကျော့သွားရှာတယ်...

အေးမြ:"တီချယ်...မနက်ဖန်ပဲ
လက်ထပ်ရတော့မယ့်ဟာ....
သမီးကစိတ်လှုပ်ရှားလို့သောက်မိတာလေ...
တီချယ်ရယ်...အဲ့ ကြိမ်လုံးကြီး ချထားပါ...
သမီး မနက်ဖန် မထနိုင်ရင် တီချယ့်ကြောင့်နော်..."

နှင်း:"မင်းကိုပြောထားပြီးသားပဲဟာ...
မသောက်ပါနဲ့ဆို...တို့ အဲ့အနံ့တွေ မခံနိုင်ဘူး...
သွား...အပြင်ထွက်အိပ်..."

အေးမြ:"အယ်..တီချယ်...
သမီး အကျီလဲလိုက်မယ်လေနော်..
တီချယ့်ရင်ခွင်ကလွဲရင် တခြားနေရာမှာ အိပ်မပျော်တတ်တော့လို့ပါ..."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now