*182* သူဟန်ဆောင်နေတာ

5.7K 1.1K 57
                                    

ရုန်ယိခန္ဓာကိုယ်မှာ ရုန်ယိတစ်ယောက် ယင်ကျင်းရဲ့နဲ့အတူ ယင်မိသားစုကလူတွေကို သွားတွေ့ဖို့ရန် အတော်လေးအားစိုက်ကာ ဖျောင်းဖျလိုက်ရသည်။

ထိုလူတွေရှေ့ ရုန်ယိဘယ်လိုပြုမူမလဲဆိုတာကတော့ သူ့ကိုယ်သူနဲ့သာဆိုင်တော့သည်။ ဘယ်လိုဘဲဖြစ်ဖြစ် အချိန်တိုလေးအတွင်း လူတစ်ယောက်ရဲ့ ကိုယ်ဟန်အပြုအမူနဲ့ သဘောထားကို ပြင်ပေးလို့မရသလို ယင်ကျင်းရဲ့ကလည်း သူ့လက်တွဲဖော်ဖြစ်လာမှမဟုတ်။ ဒါကြောင့် ရလဒ်ကောင်းကောင်း မကောင်းကောင်း ဘာမှခြားနားမှုမရှိပေ။

ယင်မိသားစုကလူတွေကို သွားရောက်တွေ့ဆုံရမယ့်နေ့ ရောက်လာတဲ့အခါ ရုန်ယိမှာ နောက်တစ်ကြိမ် ထပ်မံ တုန်ရီလာပြန်ပြီး ထိုလူတွေကို သွားမတွေ့ရသေးခင်မှာပင် ကြောက်လွန်းလို့ သေလုနီးပါးဖြစ်နေလေပြီ။

ရုန်ယိခန္ဓာကိုယ်မှာ မျက်ဆံမလှန်ဘဲ မနေနိုင်တော့။
"သူတို့က မင်းကို ဆူပူမှာ ရိုက်နှက်မှာလည်းမဟုတ်သလို မင်းကို သတ်မှာလည်း မဟုတ်ဘူးလေ.. မင်းက ဘာတွေကြောက်နေရတာတုန်း"

"ငါ..ငါ...."
ရုန်ယိမှာ ထိန်းမနိုင်သိမ်းမရတုန်ရီနေတာကြောင့် စကားပြောဖို့တောင် အနိုင်နိုင်ဖြစ်နေလေသည်။

ယင်ကျင်းရဲ့က ရုန်ယိကို အေးစက်စက် အကြည့်တစ်ချက်ပေးလိုက်တဲ့အခါ ရုန်ယိမှာ ရုန်ယိခန္ဓာကိုယ်နောက် အမြန်ပုန်းလိုက်လေသည်။

ရုန်ယိခန္ဓာကိုယ်က ယင်ကျင်းရဲ့ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
"နောက်ဆုံးမှ သူ့ကို ယင်မိသားစုကလူတွေနဲ့သွားတွေ့အောင် ခက်ခက်ခဲခဲနဲ့ဖျောင်းဖျနိုင်ခဲ့တာကို.. သူ့ကို ကြောက်အောင်မလုပ်ပါနဲ့တော့ဗျာ.."

ယင်ကျင်းရဲ့ "....."

သူ သာမန်လေး တစ်ချက်ကြည့်လိုက်ရုံပါနော်...

ရုန်ယိခန္ဓာကိုယ်က တစ်ဖက်လှည့်ကာ ရုန်ယိပုခုံးကို ပုတ်ပေးလိုက်ပြီး
"ဟုတ်ပါပြီ.. အခု စိ်တ်အေးအေးထား.. မင်းကိုဘယ်သူမှ ထိခိုက်အောင်မလုပ်ဘူး.. ဒီနေ့ကိစ္စတွေပြီးတာနဲ့ ငါတို့ချက်ချင်းလူလွှတ်ပြီး ပိုင်ယွမ်ချန်ကို ရှာပေးမယ်.. သူ့ကိုတွေ့ပြီဆိုတာနဲ့ မင်းကို သူ့ဆီခေါ်သွားပေးမှာ ဟုတ်ပြီလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now