*183* သူဟန်ဆောင်နေတာနဲ့မတူဘူး

5.5K 1K 39
                                    

လူတိုင်းမှာ ဆွံ့အစွာနဲ့ အချင်းချင်း ပြန်ကြည့်လိုက်မိကြ၏။

ရှင်းယွဲ့က နှုတ်ခမ်းတွေ တင်းတင်းစေ့လိုက်ပြီး
"ကြည့်ရတာ သူ အဌမအကြီးအကဲကို တစ်ကယ်ကြီး ကြောက်နေတဲ့ပုံဘဲ"

ချီလန် "....."

သူတောင်မှ ရုန်ယိကသာ မှားယွင်းစွာဆက်ဆံခံလိုက်ရတဲ့သူလို့ ထင်မိလုနီးပါးပင်။

ယင်သခင်မကြီးက ပိုးပုဝါစလေးထုတ်ကာ ရုန်ယိကိုပေးလိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်နဲ့..မကြောက်နဲ့.. အဌမအကြီးအကဲက ဒီအတိုင်း ခက်ထန်တဲ့အသံနဲ့ပြောလိုက်ရုံတင်ပါ.. မင်းကို ထိခိုက်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးကွယ်"

ရုန်ယိက အဌမအကြီးအကဲကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်ပြီး ငိုရင်းနဲ့ ကြို့ပါထိုးနေသေးသည်။
"တစ်ကယ်လားဟင်"

အဌမအကြီးအကဲမှာတော့ သူ့ရဲ့ 'ခင်ဗျား ကျွန်တော့်ကို အနိုင်ကျင့်နေတယ်' ဆိုတဲ့ မျက်နှာထားကြောင့် ရူးသွပ်လုနီးနီးပင်။

ရုန်ယိ အရူးလုပ်တာ ခံခဲ့ရဖူးတဲ့ တတိယအကြီးအကဲက အေးစက်စွာ ဝင်ပြောလာ၏။
"ရုန်ယိ ဟန်ဆောင်မနေစမ်းနဲ့.. ကျုပ်တို့ ယုံမယ်များမှတ်နေလား"

ယင်ကျင်းရဲ့ "....."

ရုန်ယိခန္ဓာကိုယ် "....."

ယင်သခင်မကြီး "....."

"ကျွန်တော်...ကျွန်တော်...ကျွန်တော်.. ဟန်...ဟန်..ဟန်.. မဆောင်...မဆောင်ပါဘူး"
ရုန်ယိမှာ ပိုပြီး ပြင်းထန်စွာ ငိုကြွေးလာတော့သည်။
"ကျွန်တော်.... ကျွန်တော်..ကျွန်တော်..ကျွန်တော်..က..က... တစ်...တစ်...တစ်...တစ်ကယ်.. ငို...ငို....ငိုနေတာပါ... သ...သခင်မကြီး.. ကျွန်တော်.. ကျွန်တော်... ကျွန်တော်... တစ်...တစ်ကယ်ကြီး.. ငို...ငို...ငိုနေတာပါနော်"

ယင်သခင်မကြီးမှာ ရုန်ယိအတွက် အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။
"သိပါတယ်ကွယ်...သိပါတယ်.. ဒီမျက်ရည်တွေကို ကြည့်ပါဦး.. မင်း ဟန်ဆောင်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ"

တတိယအကြီးအကဲ "....."

ယင်သခင်မကြီးက အကြီးအကဲတွေဘက်ကို လှည့်ပြောလိုက်သည်။
"ဒီနေ့တော့ ဒီကျင့်ဝတ်တွေကို ခဏလောက် မေ့ထားလိုက်ရတော့မယ်ထင်တယ်.. နောက်တစ်ကြိမ် အခွင့်အရေးထပ်ရတော့မှဘဲ.. သူ့ကို ရှင်တို့နဲ့ မိတ်ဆက်ပေးပါ့မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now