8 {Can you feel the L.O.V.E?}

871 113 109
                                    

< 사랑이 온거야 너와 나 말이야
네가 좋아 정말 못 견딜 만큼 >

" တတိယနှစ်ရဲ့အ​တော်ဆုံးရှင်းမ်ဂျယ်ယွန်းက
Chemistry က king နဲ့ တွဲ​နေကြတယ် တဲ့ "

ထို့ကဲ့သို့​သောသတင်း ပျံ့နှံ့​နေသည်မှာ ​ဆေးတက္ကသိုလ်နဲ့ဓါတု​ဗေဒက တတိယနှစ်တို့ရဲ့ group ​တွေထဲမှာ ဖြစ်သည်။ ​တွေ့​နေတာ နှစ်ရက်​လောက်ရှိ​နေပြီဆို​ပေမဲ့ ​ဆောင်းဟွန်းက​တော့ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်သာ။ ဘယ်က​နေဘယ်လို ဖြစ်တည်လာတဲ့စကား​တွေမှန်း မသိ​ပေမဲ့ သူ့အတွက်​တော့ ​ကောင်းတဲ့ကိစ္စပဲ​လေ။ အခုထိ​တော့ တရားဝင်မဟုတ်​သေး​ပေမဲ့
တချိန်ချိန်မှာ​တော့ ဂျယ်ယွန်းက သူ့ရဲ့ချစ်သူ ဖြစ်လာမှာပဲမဟုတ်လား။

ဒီ​နေ့လည်း ​ဆောင်းဟွန်း ​ဆေး​ကျောင်းနားက ​ကော်ဖီဆိုင်မှာ ထိုင်​နေမိသည်။ ​အောက်တိုဘာလထဲကို ချည်းနင်းဝင်​ရောက်လာခဲ့ပြီမို့ အ​နွေးဓါတ်က ခပ်​လျော့​လျော့။ မနှစ်တုန်းက ဒီအချိန်​လောက်ထိ အင်္ကျီလက်ရှည်​၊ဘောင်းဘီရှည်ကြီးဝတ်ပြီး ​စောင်ပုံကြားထဲမှာ ​ကွေး​နေရတာက အ​ကောင်းဆုံးနိဗ္ဗာန်ဘုံဖြစ်ခဲ့​ပေမဲ့ ဒီနှစ်မှာ​တော့ ထိုသို့မဟုတ်​တော့​ပေ။
ချစ်ရတဲ့ဂျယ်ယွန်း​လေးကို ရင်ခွင်အပြည့်​ထွေး​ပွေ့ပြီး ​မှေးစက်​နေရခြင်းကမှ သူ့အတွက် ပြီးပြည့်စုံမှာ။
ဒီ​တောအတွင်း ​ဆောင်းဟွန်း အများကြီး လိမ္မာ​နေခဲ့တာမို့ ဘုရားသခင်က သူ့ရဲ့ဆု​တောင်းကို ဖြည့်ဆည်း​ပေး​ကောင်းပါရဲ့။

ဖုန်းရဲ့ဖန်သားပြင်ပေါ်မှာ ​ဖော်ပြ​နေတာက 3:02 pm. ​ဆောင်းဟွန်း တံခါးဝကိုလှမ်းကြည့်လိုက်​ပေမဲ့ လူရိပ်လူ​ယောင်ကို မ​တွေ့ရ။ ဒီအချိန်ဆို class ဖြုတ်ပြီပဲကို။
ပါ​မောက္ခက အချိန်ပိုထက်ယူပြန်ပြီ ထင်ပါရဲ့။
ကျင့်သားရ​နေပြီမို့ ဆောင်းဟွန်းက​တော့ တံခါးဝမှအကြည့်​တွေကို phone screen ​ပေါ်သို့သာ ပြန်လည်လွှဲ​ပြောင်းလိုက်မိ​တော့သည်။
ထို့နောက်မှာ​တော့ တွန့်​ကွေးသွားရတဲ့နှုတ်ခမ်းပါး​တွေ။ အ​ကြောင်းပြချက်က​တော့ IG မှာတင်ထားတဲ့ post တစ်ခု​ကြောင့်ပင်။

[ ♡ နှလုံးသားထဲက ပင်လယ် ♡ ]

ရိုးရှင်းတဲ့ caption နဲ့ ရိုးရှင်းတဲ့ဓါတ်ပုံ​လေး။
ည​ကောင်းကင်​အောက်က ပင်လယ်ကမ်းစပ်မှာရှိ​နေတဲ့ ​ကျောပြင်​လေးတစ်ခုက ပုံထဲမှာ အထင်အရှား။
တခြားသူ​တွေ သိနိုင်မလားမသိ​ပေမဲ့ ​ဆောင်းဟွန်းက​တော့ ​နောက်​ကျောနဲ့တင် ဂျယ်ယွန်းမှန်း တန်းသိသည်။ ထိုမျှ​လောက်ထိ ချစ်တာမို့၊
ထိုမျှ​လောက်ထိ မြတ်နိုးတာမို့...။

My Adorable MEDIC | SUNGJAKE ✔Where stories live. Discover now