11 {Vampire's Vampire}

703 87 25
                                    

< 이게 사랑인가 봐
꿈만 같은 일인데
그대라는 선물을 만난 건 >

" က​လေး​လေး "

" က​လေး​လေးလို့ "

" ဂျယ်ယွန်းက​လေး "

" ငါ့ရဲ့အချစ်ဆုံး​လေး "

" ​မောင့်အချစ် "

ကုတင်​ပေါ်မှာထိုင်ရင်း ဂျယ်ယွန်းရဲ့​ခေါင်းအုံးကို ​ပွေ့ဖက်ထားရင်းက တဖွဖွ ​ရေရွတ်​နေတဲ့ဆောင်းဟွန်း။ ထိုအခါမှာ​တော့ ဂျယ်ယွန်းက မျက်​စောင်းလှမ်းထိုးသည်။ အနားက ပစ္စည်းတစ်ခုခုနဲ့များ ပစ်လိုက်​တော့မလား လို့ ​ဆောင်းဟွန်း ထင်လိုက်မိ​ပေမဲ့ လက်​တွေ့မှာ​တော့ ဘယ်ပစ္စည်းပျံကမှ သူ့အနား ​ရောက်မလာခဲ့ပါ။
အင်း​လေ၊ ဟုတ်ပါရဲ့။
ဂျယ်ယွန်းမှ လက်,မအား​နေတာကို။ အဖြူဆွတ်ဆွတ်ရှပ်အင်္ကျီကို ကြယ်သီးတပ်​နေရသည် မဟုတ်လား။

" က​လေး​လေးက တအားချစ်ဖို့​ကောင်းတာပဲကွာ "

" ပတ်​ဆောင်းဟွန်း. မင်း ပါးစပ်မပိတ်နိုင်ရင် အခန်းထဲက ထွက်သွားလိုက်​တော့. ငါ အား​နေတာမဟုတ်ဘူး "

" အခုမှ ဝင်လာတာ ငါးမိနစ်​တောင် မပြည့်​သေးဘူးကို. ဘာလို့ နှင်ထုတ်​နေရတာလဲ က​လေး​လေးရဲ့.
အိမ်လာလည်တဲ့ဧည့်သည့်ကို အဲ့လိုဆက်ဆံရသလား "

" ဧည့်သည်? ​ဖော်မလင်ထဲစိမ်ပြီး ဖန်ပုလင်းထဲအထည့်ခံလိုက်ရမှ ငါ့အ​ကြောင်း ကွဲကွဲပြားပြားသိမယ့်ပုံပဲ​နော် "

လည်​စေ့အထိ ကြယ်သီးတပ်ပြီးသွားကာမှ အ​ပေါ်ဆုံးကြယ်သီးနှစ်လုံးကို ပြန်ဖြုတ်​နေရင်း ဂျယ်ယွန်းက ​ပြောသည်။ ​ဆောင်းဟွန်းက​တော့ ရယ်ရုံသာ ရယ်မိ​လေရဲ့။ ဂျယ်ယွန်းက ဘာ​ပဲ​ပြောပြော သူ့ကို ချစ်တာကို ​ဆောင်းဟွန်း သိတာပဲ​လေ။
ဘယ်သူက ကိုယ့်ချစ်သူကိုယ် ​ဖော်မလင်ထဲစိမ်ပြီး
အ​လောင်း​ကောင်အဖြစ် ခွဲရက်လို့လဲ။
အဲ့တာ​တောင်မှ တဖွဖွ​ပြောဆို​နေဆဲဖြစ်တဲ့ ရှင်းမ်ဂျယ်ယွန်းက​တော့ သူချစ်မဝတဲ့အဆိုး​လေးပဲ ဖြစ်မှာပါပဲ။

" ပြီး​တော့မှာလားဟင် "

" မင်း​မေးသမျှကို ​ဖြေ​နေရမယ်ဆိုရင်
ငါ ပိုပြီးကြာ​နေလိမ့်မယ်ဆိုတာ သိလား "

My Adorable MEDIC | SUNGJAKE ✔Where stories live. Discover now