*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ

6.1K 1.1K 20
                                    

အခန်းထဲမှာတော့ ရုန်ယိခန္ဓာကိုယ်က ပြောလာသည်။
"မင်း ငါ့စကားကို တည်စေချင်ရင် ထပ်မငိုနဲ့ ပြီးတော့ ကလေးတွေကိုလည်း ထပ်မအော်ဟစ်နဲ့တော့.. မင်းရဲ့ဆရာတူအစ်ကိုကြီးကို ရှာတွေ့တာနဲ့ ငါချက်ချင်း သူ့ဆီ ခေါ်သွားပေးမယ် ဟုတ်ပြီလား"

ကလေးတွေအကြောင်း ကြားလိုက်တာနဲ့ ရုန်ယိမှာ အငိုရပ်သွားပေမဲ့ မျက်နှာအမူအယာကတော့ ကြည့်ရဆိုးနေဆဲဖြစ်လေသည်။
"ငါ ကလေးတွေကိုသဘောမကျဘူး.. သူတို့ကို ဒီတိုင်း သဘောမကျတာ"

သူ့မှာ သိလည်းမသိ သူ့ဆန္ဒလည်းမပါဘဲ ကိုယ်ဝန်ဆောင်ခဲ့ရတာဖြစ်ပြီး ထိုကလေးတွေကလည်း သူသဘောမကျတဲ့လူရဲ့ သွေးသားတွေဖြစ်နေလေသည်။ ဘယ်လိုလုပ်ပြီး သူ့မှာ ယင်ထောင်နဲ့ ကျန်ကလေးကို သဘောကျနိုင်ပါတော့မလဲ။

ရုန်ယိခန္ဓာကိုယ် "....."

"မင်း သူတို့ကို ငါ့ရှေ့မလာဖို့သာ ပြောထားလိုက်.. မဟုတ်ရင် ငါ့ခံစားချက်ငါ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. မင်းလည်းသိတာဘဲ"

"ဟုတ်ပြီလေ"
ရုန်ယိခန္ဓာကိုယ်လည်း သူ့ခံစားချက်တွေကို နားလည်ပေးနိုင်တာကြောင့် သူ့ကို အတင်းအကြပ်တွန်းအားမပေးတော့။
"ဒါဆိုလည်း မင်းဆရာတူအစ်ကိုကြီးကို ရှာမတွေ့ခင်အထိတော့ အခန်းထဲကနေ အတတ်နိုင်ဆုံး မထွက်မိအောင်လုပ်ပေါ့"

ရုန်ယိက လက်ကျန်မျက်ရည်များကို သုတ်ရင်း ခေါင်းသာငြိမ့်ပြလာသည်။

"ငါ ယင်ကျင်းရဲ့ကို သွားရှာလိုက်ဦးမယ်.. မင်း တစ်ခုခုလိုရင် အပြင်က အစောင့်တွေကိုသာ ပြောလိုက်"
ရုန်ယိခန္ဓာကိုယ်က ထရပ်ကာ အကြောဆန့်လိုက်ပြီးနောက် အခန်းပြင်ကို ထွက်သွားတော့သည်။

သူထွက်သွားတာနဲ့ ရုန်ယိက စောင်ပုံကြားထဲပစ်ဝင်လိုက်ကာ စောင်တွေကိုဖက်ထားပြီး ငိုနေတော့သည်။
"ဆရာတူအစ်ကို.. ဆရာတူအစ်ကိုဘယ်ရောက်နေတာလဲ.. ကျွန်တော် အစ်ကို့ကို အရမ်းသတိရတာဘဲ"

အပြင်ဘက်ကရပ်ကြည့်နေရင်းနဲ့ ရှင်းယွဲ့က တိုးတိုးလေးပြောလာသည်။
"တစ်ယောက်မှ မရှိတော့တဲ့ဟာတောင် ဟန်ဆောင်နေတုန်းဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now