*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား

5.8K 1K 40
                                    

ယင်ကျင်းရဲ့ မျက်ဝန်းတွေ အနည်းငယ်မှေးစင်းသွား၏။ အမှန်တော့ ချီလန်ရဲ့ခန့်မှန်းချက်က ကျိုးကြောင့်မသင့်တာတော့ မဟုတ်.. သူတောင်မှ ပိုင်ယွမ်ချန်ကို သံသယဝင်လာမိနေလေပြီ။
"သူ အခု ဘယ်မှာလဲ မင်းသိလား"

"ငါ့လူတွေက ပေပနယ်မြေမှာ မျက်ခြေဖျက်ခံလိုက်ရတာ.. ဒါကြောင့် မင်းရဲ့ တစ္ဆေကျင့်ကြံသူတွေ လွှတ်ပေးပြီး သူ့ကို ကူရှာခိုင်းစေချင်တယ်"

ယင်ကျင်းရဲ့က ခေါင်းငြိမ့်ကာ
"ငါအခုဘဲ လူတွေလွှတ်ပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်"

ချီလန်က သူ့မျက်လုံးထဲ တည့်တည့်စိုက်ကြည့်ကာ မေးလာသည်။
"တစ်ကယ်ဘဲ သူဖြစ်နေမယ်ဆိုရင်ရော.."

ယင်ကျင်းရဲ့က အရေးမစိုက်စွာသာ ပြန်ပြောလိုက်၏။
"သတ်လိုက်"

ချီလန်က နှာခေါင်းရှုံ့ကာ
"မင်းက ဒီလိုလုပ်ရက်လို့လား"

ယင်ကျင်းရဲ့က သူ့ကို ထူးဆန်းစွာပြန်ကြည့်လာသည်။
သူက ဘာလို့ မသတ်ရက်ရမှာလဲ..

"သူက ရုန်ယိရဲ့ ဆရာတူအစ်ကိုကြီးဆိုတာ မမေ့နဲ့ဦး.. ရုန်ယိကသာ သူ့ကို မသတ်ဖို့ပြောလာရင် ဒါမှမဟုတ် မင်းက သူ့ကို သတ်တော့မယ်ဆိုတာ သိသွားရင် မင်း ဘယ်လိုလုပ်မှာလဲ"

ယင်ကျင်းရဲ့ "....."

ချီလန်မှာ မျက်နှာကြီးမည်းသွားပြီး
"မင်းမလုပ်နိုင်မှန်း ငါသိသားဘဲ"

"အကယ်၍ သူသာ သခင်ရှန်ကျဲ့ဆိုရင် ငါမင်းနဲ့အတူ သူ့ကို ရင်ဆိုင်ပေးမယ်"

"ဒါဆို ရုန်ယိကရော"

ယင်ကျင်းရဲ့က သူ့ကို ပြန်မေးလိုက်သည်။
"သူ့ခံစားချက်ကို မင်းက ဘာလို့ ဒီလောက်တောင် လိုက်ဂရုစိုက်နေရတာလဲ"

"...."
ချီလန်က ဘုဘောက်ပြန်ပြောလာသည်။
"ငါကဘာလို့ သူ့ခံစားချက်ကို လိုက်ဂရုစိုက်နေရမှာလည်း..ဒီကိစ္စကြောင့် မင်းတို့နှစ်ယောက် ပြဿနာတက်မှာကိုတောင် ငါက ဖြစ်စေချင်နေတာ.. ဘာကိစ္စမှမရှိရင် ငါသွားတော့မယ်"

"ခဏလေး"
ယင်ကျင်းရဲ့က ထရပ်လာပြီး
"ဆရာတူအစ်ကို.. ငါမင်းကို တစ်ခုလောက် မေးစရာရှိတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now